နိုက်အသင်းက ဒီယာဘီ အသင်းနဲ့စာချုပ်ဖျက်သိမ်းခံရ

 ဒီယာဘီအနေနဲ့ အသင်းကနေ စာချုပ်ဖျက်သိမ်းခံခဲ့ရပေမယ့်လည်း ပဲရစ်အသင်းဆီ ပြောင်းရွှေ့ကစားသွားမယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့တပတ်က နိုက်စ်အသင်းမှာ ပေါင် ၇၀၀၀၀ တန် နာရီတလုံး ပျောက်ဆုံးခဲ့တာပါ။ တိုက်စစ်မှူး ကတ်စ်ပါဒေါဘက်ချ်ရဲ့ တန်ဖိုးကြီး နာရီ အခိုးခံခဲ့ရတာဖြစ်ပါတယ်။ ဘယ်သူ ခိုးယူသလဲဆိုတာ သေချာမသိပေမယ့်လည်း အသင်းက လူငယ်တိုက်စစ်မှူး လာမိုင်းဒီယာဘီကို မသင်္ကာသူအဖြစ် စွပ်စွဲပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြင်သစ်ကလပ် နိုက်စ်တိုက်စစ်မှူး ဒီယာဘီ ဟာ အသင်းဖော်ရဲ့ နာရီကို ခိုးယူခဲ့လို့ ထုတ်ပယ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ လူငယ်တိုက်စစ်မှူး ဒီယာဘီက နာရီခိုးယူခဲ့မိကြောင်း ဝန်ခံခဲ့ပြီး အသင်းဘက်က အရေးယူတဲ့အနေနဲ့ စာချုပ်ဖျက်သိမ်းပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း ရာဇဝတ်မှုနဲ့ အမှုဖွင့် တိုင်ကြားဖို့တော့ မရှိဘူးလို့ သိရပါတယ်။ ဒီလိုကိစ္စမျိုးကို အသင်းဘက်က နားလည်ခွင့်လွတ်ပေးဖို့ မဖြစ်နိုင်တာကြောင့် စာချုပ် ဖျက်သိမ်းပြီး ထုတ်ပယ်ခဲ့တာ ဖြစ်တယ်လို့ နိုက်စ်အသင်းက တရားဝင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ်ရှိ ဒီယာဘီ ဟာ အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့်ကစားသမားတဦးဖြစ်ပြီး ပြင်သစ်ယူ ၁၆၊ ယူ-၁၇ နဲ့ ယူ-၁၈ အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ဖူးပါတယ်။ 

နိုက်အသင်းက ဒီယာဘီ အသင်းနဲ့စာချုပ်ဖျက်သိမ်းခံရ

Advertisements