မန်းချောင်းရေကြီးနေသည့်မြင်ကွင်း

ဇူလိုင် ၂၉ ၊EATV

မကွေးတိုင်းအနောက်ခြမ်း တောင်‌ကြောဖြစ်သည့် နတ်ရေကန်တောင်ကြောတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းနေသည့်အတွက် မင်းတုန်းချောင်းနှင့် မန်းချောင်းအနီး၀န်းကျင်ကျေးရွာများတွင်ရေဘေးအန္တရာယ် စိုးရိမ်ဖွယ်ရာရှိကြောင်း ဒေသခံများထံမှသိရသည်။

"ဒီရက်ပိုင်းတောင်ပေါ်မှာ မိုးကောင်းနေတယ်၊ ၂၀၁၅ တုန်းကလဲ အခုလိုမိုးကောင်းပြီး အောက်မြေမှာရေကြီးကြတာပဲ" ဟု နတ်ရေကန်တောင်တန်းပေါ်ရှိကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးမှဆိုသည်။

မကွေးတိုင်းအနောက်ခြမ်းတောင်ပေါ်ဒေသမှ ချောင်းဖျားခံသည့် မန်းချောင်း၊မင်းတုန်းချောင်းနှင့် ပနီချောင်းများသည် ယခုရသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည်။ 

၂၀၁၅ခုနှစ် ဇူလိုင်လကုန်ဖြစ်သည့် ယခုကာတွင်မကွေးတိုင်းအတွင်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွါးခဲ့ပြီး လူသေဆုံးမှုများပင်ရှိခဲ့သည်။

မကွေးတိုင်းအနောက်ခြမ်းမန်းချောင်းဘေးတွင် တည်ထားသည့် ရွှေစက်တော်ဘုရားကြီးတွင်လည်း ချောင်းရေမြင့်တက်မှုစတင်နေပြီဟုသိရသည်။

#EATV

Advertisements