
ဒီဇင်ဘာပြည်သူ့အားကစားလ နောက်ဆုံးအပတ် သရက်မြို့အခြေခံပညာအထက်တန်းကျောင်းပေါင်းစုံ Myanmar Fitness Danceပြိုင်ပွဲမှာအ.လ.က (၃) ထ(ခွဲ)ကျောင်း ကပထမတံခွန်စိုက်ဆုနဲ့ဆုကြေးငွေ ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲနဲ့ဆုပေးအပ်ချီးပွဲကို ဒီနေ့မနက်က သရက်ခရိုင်အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲနဲ့ပါတ်သတ်ပြီး "အားကစားဆိုတာက အင်အားနဲ့ ဥာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဥ်ပြိုင်ရတာဖြစ်သလိုကျောင်း သား ကျောင်းသူေတွကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်ထက်မြက်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်တယ်"လို့ခရိုင်အားကာဦးစီးအရာရှိဦးသူရခိုင်ကျော်က ပြောပါတယ်။ Myanmar Fitness Dance ပြိုင်ပွဲကိုသရက်မြို့ပေါ်မှာရိှတဲ့ အခြေခံပညာအထက်ကျောင်း(၄)ကျောင်းက ကျောင်းသားကျောင်းသူတွေက တစ်သင်းကို အယောက် (၅၀)ပါဝင်ပြီးအပတ်စဥ် စနေနေ့တိုင်း ယှဥ်ပြိုင်ကြရတာပါ။ အခုနောက်ဆုံးအပတ်မှာတော့ အသင်းအားလုံးကို ပြန်လည်ယှဥ်ပြိုင်စေပြီး အကဲဖြတ်ဒိုင်အဖွဲ့က အမှတ် ပေးရွေးချယ်ခဲ့တယ်လို့သိရပါတယ်။
သတင်းနှင့်ဓါတ်ပုံ - အောင်ကြီး(သရက်)
