ရေနံချောင်း အောက်တိုဘာ ၂၇ မကွေးတိုင်း ရေနံချောင်းမြို့ အိုးဘိုရပ်ကွက်တွင်၊ ဒီကနေ့အောက်တိုဘာလ၂၇ရက်နေ့ နံနက် ၅နာရီခန့်က အုတ်ဖုတ်လုပ်သားအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ မြို့မရဲစခန်းမှသိရသည်။ သေဆုံးသူအမျိုးသားမှာ အသက်(၂၄)နှစ်အရွယ်သစ်တစ်ပွေရပ်ကွက် ရှားပင်ရိုးရပ်တွင် နေထိုင်သူဖြစ်သည်ဟုသိရပြီးအိုးဘိုရပ်ကွက်ရှိ အုတ်ဖိုအနီးတဲအတွင်း၌ ၎င်းဝတ်ဆင်သည့်ပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။ ၎င်း၏အမျိုးသမီးသည် လွန်ခဲ့သော၃လခန့်က နေအိမ်မှဆင်းသွားခဲ့ပြီး စိတ်ညစ်၍ အရက်သောက်သုံးကာ

ရေနံချောင်း
အောက်တိုဘာ ၂၇
မကွေးတိုင်း ရေနံချောင်းမြို့ အိုးဘိုရပ်ကွက်တွင်၊ ဒီကနေ့အောက်တိုဘာလ၂၇ရက်နေ့ နံနက် ၅နာရီခန့်က အုတ်ဖုတ်လုပ်သားအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ မြို့မရဲစခန်းမှသိရသည်။
သေဆုံးသူအမျိုးသားမှာ အသက်(၂၄)နှစ်အရွယ်သစ်တစ်ပွေရပ်ကွက် ရှားပင်ရိုးရပ်တွင် နေထိုင်သူဖြစ်သည်ဟုသိရပြီးအိုးဘိုရပ်ကွက်ရှိ အုတ်ဖိုအနီးတဲအတွင်း၌ ၎င်းဝတ်ဆင်သည့်ပုဆိုးဖြင့် ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
၎င်း၏အမျိုးသမီးသည် လွန်ခဲ့သော၃လခန့်က နေအိမ်မှဆင်းသွားခဲ့ပြီး စိတ်ညစ်၍ အရက်သောက်သုံးကာကြိုးဆွဲချ သေဆုံးခြင်းဖြစ်နိုင်ကြောင်း မြို့မရဲစခန်းမှတာဝန်ရှိရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိနိုင်ရန် မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဥ်၂/၂၀၂၀ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
တင်ရွှေ(မင်းဘူး)

Advertisements