ဆောင်းလယ်မှာရှားတဲ့ရေ

မကွေးတိုင်းအရှေ့ခြမ်းကမြို့နယ်တစ်ခုဖြစ်တဲ့နတ်မောက်မြို့နယ်မှာရေရှားပါးပြတ်လပ်မှုကိုရင်ဆိုင်ရ တော့မယ့် အခြေအနေကိုရောက်နေပါပြီ။ဒါက နိုဝင်ဘာလဖြစ်ပါတယ်။ နွေရာသီရောက်ဖို့ကလည်း လအနည်းငယ်လိုနေပါသေးတယ်။

ဒါပေမယ့် နတ်မောက်မြို့ နယ်နဲ့ရေနံချောင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းနံဘေးက ပိတောက်ကုန်း ကျေးရွာခံတွေကတော့ ရေရှားပါးမှုကိုစတင်ရင်ဆိုင်နေကြရပါပြီ။

မြေသားရေကန် (၃)ခုရှိတဲ့ ဒီကျေးရွာမှာ အဲဒီရေကန်တွေကို အသုံးပြုလို့မရနိုင်တော့ဘူးလို့ ပြောရမယ့် အခြေအနေပါ။ဒီရေကန်ထဲကရေတွေကကုန်လုနီးပါးအထိရောက်လာပြီးကန်ရဲ့အလယ်မှာရေအနည်းသာကျန်ပါတော့တယ်။

ကန်မှာအရင်ကရေရှိခဲ့တဲ့နေရာတွေကရွံ့နွံတွေနဲ့ပြည့်နေလို့ခပ်ယူသုံးစွဲဖို့ဒါမှမဟုတ်တိရိစ္ဆာန်တွေကိုရေသောက် ဆင်းခိုင်းဖို့ တောင်မလွယ်ကူတော့ပါဘူး။

ကျေးရွာခံတွေက ကန်ထဲကလက်ကျန်ရေကိုမြောင်းသွယ်ပြီးခက်ခက်ခဲခဲခပ်ယူနေရပါတယ်။ ရွံ့နွံတွေကြောင့် တရိစ္ဆာတွေဆင်းပြီးတော့ ရေသောက်လို့မရတော့ပါဘူး။

မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်နေတဲ့ ဒီရွာလေးအတွက် သောက်သုံးရေက စိန်ခေါ်မှုကြီးမားတဲ့ ရင်းမြစ်ဆုံးရှုံးမှုလို့ဆိုရမှာပါ။ အိမ်ခြေ ၁၆၀လောက်ရှိတဲ့ဒီရွာ လေးမှာယခင်ကတော့တရိစ္ဆာန်တွေကို ကန်ထဲကရေကို အလွယ်တကူတိုက်လို့ရပေမယ့်ခုတော့လူတွေသောက်တဲ့ ရေအရင်းမြစ်ထဲကနေခွဲဝေပြီး တိုက်နေရပါတယ်။ အခုအချိန်မှာဒီရွာကလူတွေရဲ့မှီခိုရာက ရေငင်တွင်းတွေပါပဲ။ ရွာမှာရေငင်(၃)တွင်းရှိနေပေမယ့် ရွာကလူတွေအတွက်မလုံလောက်တော့ ပါဘူး။

“ရေတွင်းတွေကလည်း မိုးမရွာလို့လားမသိဘူး။အရင်လောက်မစိမ့်တော့ဘူး”လို့ပိတောက်ကုန်းကျေးရွာခံ ဦးမျိုးဆန်းကဆိုပါတယ်။

ရေတစ်စည်ရဖို့အတွက်နာရီဝက် ၄၅မိနစ်လောက်စောင့်ရတဲ့ အဲဒီ ရေတွင်းတွေကရေကိုနေ့စဉ်သောက်သုံး ဖို့အတွက် တန်းစီစောင့်ခပ်ကြရတာပါ။တစ်အိမ်ထောင်ကိုအနည်းဆုံး တစ်နေ့ရေနှစ်စည်လောက်ကုန်တဲ့အတွက် ရေ အတွက်ရုန်းကန်ရတာမလွယ်ကူလှပါဘူး။ တခါတရံရေစည် ၄၊၅စည်လောက်ပဲထွက်ပြီးရပ်သွားတဲ့ ဒီရေတွင်းတွေက အိမ်ခြေ ၁၆၀ရှိတဲ့ သူတို့ကျေးရွာလေး အတွက်တော့တကယ်ကိုနည်းပါးတဲ့ ရေအရင်းမြစ် ဖြစ်ပါတယ်။

ဒီနှစ်မိုးဦးမှာမိုးခေါင်ခဲ့လို့မကွေးတိုင်းထဲကကျေးရွာတော်တော်များများမှာရေရှားပါးပြတ်လပ်မှုဒဏ်ကိုခံခဲ့ရပါတယ်။ ဒီထဲမှာ ပိတောက်ကုန်းကျေးရွာလည်းပါဝင်ပါတယ်။ဩဂုတ်လအစပိုင်းလောက်မှာတော့မိုးအနည်းငယ်ရွာ ခဲ့ပါသေးတယ်။ဒါကလည်းမိုးတွင်းနဲ့စာရင်မရွာသလောက်လို့ဆိုရမှာပါ။

“မိုးဦးကတည်းကတိုင်မိုးခေါင်လာတာ။မိုးကတော့ဒီနှစ်မရွာဘူးလို့တောင်ပြောလို့ရတယ်။အခုမြေပဲခင်းတွေဆိုမီးရှို့ရင်တောင်လောင်တယ်”လို့ ဦးမျိုးဆန်းကဆိုပါတယ်။

တကယ်တော့ဒီရွာမှာစက်ရေတွင်းတစ်တွင်းရှိပါတယ်။လွန်ခဲ့တဲ့(၃)နှစ်လောက်ကတူးခဲ့တာဖြစ်ပြီး(၂)နှစ်လောက် အသုံးပြုပြီးတဲ့အချိန်မှာတော့စက်ရေတွင်းကပျက်သွားခဲ့တာပါ။ဒီစက်ရေတွင်းကပြင်လိုက်ပျက်လိုက်နဲ့သံသရာလည်လာတာ(၁)နှစ်လောက်ရှိခဲ့ပါပြီ။အကြိမ်ကြိမ်ကြိုးစားပြီးပြင်ခဲ့ပေမယ့်ခဏခဏပြန်ပျက်သွားခဲ့တာပါ။

ဒီနှစ်မှာတော့ဒီရေတွင်းကိုပြန်လည်ပြုပြင်ပေးမယ့်အလှူရှင်ရှိလာပါပြီ။ဒါကရွာအတွက်သတင်းကောင်းပါ။ဒါပေမယ့်ဒီရွာကလူတွေအတွက် အပြည့်အဝပျော်ရွှင်ခွင့်တော့ မရသေးပါဘူး။ ကိုဗစ်၁၉ ကာလ ဖြစ်တဲ့အတွက် ရေအလှုရှင်တွေက ရွာလေးဆီရောက်လာဖို့ ခက်ခဲနေကြပါတယ်။ ဒီအတွက် ရေလုံးဝပြတ်လပ်မသွားခင်မှာ ရေတွင်းပြင်ပေးမယ့်အလှူရှင်ရောက်လာဖို့ရွာခံတွေအနေနဲ့မျှော်လင့်နေကြရပါတော့တယ်။

“ရေတွင်းလာပြင်ပေးမယ့်အလှူရှင်တွေကိုတော့မြန်မြန်ရောက်စေချင်တာပေါ့။သူတို့ကိုလည်းပြောပြထားတယ် လောဘကြီးတယ်လို့တော့မတွက်ပါနဲ့လို့ ရွာကလူဦးရေကိုးရာကျော်ကရေမှမရှိရင်တကယ်ကိုဒုက္ခရောက်မှာဖြစ် လို့ လော့ဒေါင်းထွက်လို့ရရင်လာပြင်ပေးစေချင်တယ်လို့” လို့ဦးမျိုးဆန်းကရွာကလူတွေနဲ့ဆန္ဒကိုပြောပြပါတယ်။

ဒီရွာလိုပဲဒီနှစ်မှာစောစောစီးစီးရေအခက်အခဲဖြစ်နိုင်တဲ့ရွာတွေကနတ်မောက်မြို့နယ်ထဲမှာအများကြီးရှိပါသေးတယ်။ဒီထဲမှာနတ်မောက်မြို့ရဲ့အရှေ့မြောက်အရပ်မှာရှိတဲ့ပေပင်ကုန်းကျေးရွာလည်းအပါအဝင်လို့ဆိုရမှာပါ။ ဒီရွာမှာရှိတဲ့သောက်ရေကန်နှစ်ကန်ထဲကတစ်ကန်ကရေလုံးဝမရှိတော့ပါဘူး။နောက်တစ်ကန်ကလည်းကုန်လုနီးပါး အခြေအနေပါ။ ကျေးရွာခံတွေက ရေကျန်နေသေးတဲ့ရေချိုးကန်နဲ့ရေသောက် ကန်ကိုတော့ အရှေ့ဘက်ကပ် လျှက်မှာ ရှိတဲ့ရွာနဲ့ မျှဝေသုံးစွဲနေကြရပါတယ်။

တခါတရံမှာတခြားကျေးရွာတစ်ခုကရေကားတွေက ရွာရေကန်ထဲကရေ ကိုခပ်ပြီးအိမ်ကို ရေသယ်ပေးကြလေ့ ရှိပါတယ်။ အဲဒီလိုရေသယ်ရင်တော့ ရေကားတစ်ခေါက်စာကို တစ်သောင်းကျပ်ပေးကြ ရပါတယ်။ရွာရေကန်မှာရေမရှိလို့ တခြားကျေးရွာတွေ ကနေရေသယ်လာပေးတာကိုဝယ်ရရင် တော့နှစ်သောင်းကျပ် ကျသင့်လေ့ရှိပါတယ်။မကွေးတိုင်းအရှေ့ခြမ်းကမြို့နယ်တစ်ခုဖြစ်တဲ့နတ်မောက်မြို့နယ်မှာရေရှားပါးပြတ်လပ်မှုကိုရင်ဆိုင်ရ တော့မယ့် အခြေအနေကိုရောက်နေပါပြီ။ဒါက နိုဝင်ဘာလဖြစ်ပါတယ်။ နွေရာသီရောက်ဖို့ကလည်း လအနည်းငယ်လိုနေပါသေးတယ်။  ဒါပေမယ့် နတ်မောက်မြို့ နယ်နဲ့ရေနံချောင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းနံဘေးက ပိတောက်ကုန်း ကျေးရွာခံတွေကတော့ ရေရှားပါးမှုကိုစတင်ရင်ဆိုင်နေကြရပါပြီ။  မြေသားရေကန် (၃)ခုရှိတဲ့ ဒီကျေးရွာမှာ အဲဒီရေကန်တွေကို အသုံးပြုလို့မရနိုင်တော့ဘူးလို့ ပြောရမယ့် အခြေအနေပါ။ဒီရေကန်ထဲကရေတွေကကုန်လုနီးပါးအထိရောက်လာပြီးကန်ရဲ့အလယ်မှာရေအနည်းသာကျန်ပါတော့တယ်။  ကန်မှာအရင်ကရေရှိခဲ့တဲ့နေရာတွေကရွံ့နွံတွေနဲ့ပြည့်နေလို့ခပ်ယူသုံးစွဲဖို့ဒါမှမဟုတ်တိရိစ္ဆာန်တွေကိုရေသောက် ဆင်းခိုင်းဖို့ တောင်မလွယ်ကူတော့ပါဘူး။  ကျေးရွာခံတွေက ကန်ထဲကလက်ကျန်ရေကိုမြောင်းသွယ်ပြီးခက်ခက်ခဲခဲခပ်ယူနေရပါတယ်။ ရွံ့နွံတွေကြောင့် တရိစ္ဆာတွေဆင်းပြီးတော့ ရေသောက်လို့မရတော့ပါဘူး။  မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်နေတဲ့ ဒီရွာလေးအတွက် သောက်သုံးရေက စိန်ခေါ်မှုကြီးမားတဲ့ ရင်းမြစ်ဆုံးရှုံးမှုလို့ဆိုရမှာပါ။ အိမ်ခြေ ၁၆၀လောက်ရှိတဲ့ဒီရွာ လေးမှာယခင်ကတော့တရိစ္ဆာန်တွေကို ကန်ထဲကရေကို အလွယ်တကူတိုက်လို့ရပေမယ့်ခုတော့လူတွေသောက်တဲ့ ရေအရင်းမြစ်ထဲကနေခွဲဝေပြီး တိုက်နေရပါတယ်။ အခုအချိန်မှာဒီရွာကလူတွေရဲ့မှီခိုရာက ရေငင်တွင်းတွေပါပဲ။ ရွာမှာရေငင်(၃)တွင်းရှိနေပေမယ့် ရွာကလူတွေအတွက်မလုံလောက်တော့ ပါဘူး။  “ရေတွင်းတွေကလည်း မိုးမရွာလို့လားမသိဘူး။အရင်လောက်မစိမ့်တော့ဘူး”လို့ပိတောက်ကုန်းကျေးရွာခံ ဦးမျိုးဆန်းကဆိုပါတယ်။  ရေတစ်စည်ရဖို့အတွက်နာရီဝက် ၄၅မိနစ်လောက်စောင့်ရတဲ့ အဲဒီ ရေတွင်းတွေကရေကိုနေ့စဉ်သောက်သုံး ဖို့အတွက် တန်းစီစောင့်ခပ်ကြရတာပါ။တစ်အိမ်ထောင်ကိုအနည်းဆုံး တစ်နေ့ရေနှစ်စည်လောက်ကုန်တဲ့အတွက် ရေ အတွက်ရုန်းကန်ရတာမလွယ်ကူလှပါဘူး။ တခါတရံရေစည် ၄၊၅စည်လောက်ပဲထွက်ပြီးရပ်သွားတဲ့ ဒီရေတွင်းတွေက အိမ်ခြေ ၁၆၀ရှိတဲ့ သူတို့ကျေးရွာလေး အတွက်တော့တကယ်ကိုနည်းပါးတဲ့ ရေအရင်းမြစ် ဖြစ်ပါတယ်။  ဒီနှစ်မိုးဦးမှာမိုးခေါင်ခဲ့လို့မကွေးတိုင်းထဲကကျေးရွာတော်တော်များများမှာရေရှားပါးပြတ်လပ်မှုဒဏ်ကိုခံခဲ့ရပါတယ်။ ဒီထဲမှာ ပိတောက်ကုန်းကျေးရွာလည်းပါဝင်ပါတယ်။ဩဂုတ်လအစပိုင်းလောက်မှာတော့မိုးအနည်းငယ်ရွာ ခဲ့ပါသေးတယ်။ဒါကလည်းမိုးတွင်းနဲ့စာရင်မရွာသလောက်လို့ဆိုရမှာပါ။  “မိုးဦးကတည်းကတိုင်မိုးခေါင်လာတာ။မိုးကတော့ဒီနှစ်မရွာဘူးလို့တောင်ပြောလို့ရတယ်။အခုမြေပဲခင်းတွေဆိုမီးရှို့ရင်တောင်လောင်တယ်

ပြီးခဲ့တဲ့နှစ်တွေမှာတော့  ပေပင်ကုန်းကျေးရွာမှာရေတွင်းတူးခဲ့တာတွေရှိပါတယ်။ ဒါပေမယ့်သောက်လို့မရတဲ့ ရေငံတွေပဲထွက်ခဲ့လို့ ကျေးရွာခံတွေအတွက်စိတ်ပျက်ခဲ့ရပါတယ်။ ကျေးရွာခံတွေအနေနဲ့ ဒီနှစ်မှာတော့ သောက်ရေကန်ထဲကရေတွေမရှိတော့ရင်သေချာပေါက်အခက်တွေ့ကြရတော့မှာပါ။ ယခင်နှစ်တွေကတော့ ဒီရေကန်တွေဟာနှစ်ပေါက်တဲ့အထိရေရှိခဲ့တဲ့ရေကန်တွေပါ။ဒီနှစ်မှာတော့မိုးနည်းပါးတဲ့အတွက်ဆောင်းလယ်ပိုင်းလောက်မှာပဲရေက ပြတ်သွားခဲ့ခြင်းလို့ဆိုကြပါတယ်။

ဒီကန်တွေခမ်းရင်တော့ရွာရဲ့အနောက်ဖက်ကပ်လျက်က နတ်မောက်ရေလှောင်တမံနဲ့တဆက်တစပ်ထဲရှိတဲ့ဆည် ထဲကလက်ယက်တွင်းတွေကိုအားကိုးရတော့မှာပါ။ ဒီနှစ်မှာတော့ လက်ယက်တွင်းတွေကလည်း မိုးကောင်းကောင်း မရွာခဲ့တဲ့အတွက်မသေချာလှပါဘူး။

ယခင်နှစ်တွေကတော့ ရွာအနောက်ဖက်က နတ်မောင်ရေလှောင်တမံမှာ ရေရှိတဲ့အတွက် သုံးရေနဲ့တရိစ္ဆာန်ရေအတွက်တော့မပူခဲ့ကြရပါဘူး။ဒီနှစ်တော့ဆည်ရေမရှိတဲ့အတွက် ရေအခက်အခဲကပိုဆိုးလာတော့မယ့် အခြေအနေဖြစ်နေပါပြီ။

နတ်မောက်မြို့နယ် ပေပင်ကုန်းကျေးရွာရဲ့အနောက်ဖက်ကကျေးရွာတစ်ခုကတော့ ညောင်ပင်လှကျေးရွာပါ။ ဒီရွာကတော့အခုကတည်းကသောက်ရေကို ရေကားနဲ့မှာပြီးဝယ်သောက်နေကြရပါပြီ။ ရွာတောင်ဘက်က သောက်ရေကန်ကြီးကရေတွေအနီရောင်ပြောင်းတဲ့ အထိမကောင်းတော့ဘူးလို့ ကျေးရွာခံတွေက ပြောပါတယ်။ ကျေးရွာအနီးကရေကန်ငယ်လေးတွေကလည်းအခုချိန်မှာခန်းခြောက်သွားခဲ့ပါပြီ။

စက်ရေတွင်းတွေရှိနေပေမယ့်ထမင်းချက်တာတောင်ဝါနေတာကြောင့်‌ရေကို ဝယ်ယူသုံးစွဲနေရတာပါ။ စက်ရေတွင်းကရေက ရေချိုးဖို့နဲ့တရိစ္ဆာန်သောက်ရေအတွက်ပဲသုံးရပါတော့တယ်။

“ရေသောက်ဆည်ကြီးကလည်းအရင်ရေတွေမထွက်တော့မကောင်းတော့ဘူး”လို့ညောင်ပင်လှရွာကမသီတာကဆို ပါတယ်။ ဝင်ငွေနည်းပါးလှတဲ့ အပူပိုင်းဒေသက ကျေးရွာခံတွေအတွက်တော့ ရေကိုဝယ်သောက်ရတဲ့ ငွေကြေးကုန်ကျမှုက ခက်ခဲလွန်းလှပါတယ်။

ရေခပ်စရာအရင်းမြစ်မရှိတာကြောင့်သာဝယ်ယူသုံးစွဲရတဲ့ရေကလည်းတကယ်တန်းတော့ငံတာပါပဲ။ကန်တွေရေမခန်းခင်ကကျောက်စည်တွေနဲ့လှောင်ထားကြပါတယ်။ ဒါပေမယ့် အဲဒီရေတွေကုန်သွားတဲ့အတွက် ရေကိုဝယ်သုံး ကြရတာ ၂လလောက်ရှိနေပါပြီ။ ကျောက်စည်တစ်စည်ကိုသုံးထောင်ကျပ်ပေးဝယ်ကြရပါတယ်။ သောက်ရေနဲ့၊ ထမင်းချက်ရေကတော့ရှားပါးနေပါတယ်။

“မိုးရွာမှသောက်ရေကပေါတာလေ။မိုးကရွာမှမရွာဘဲ”လို့မသီတာကပြောပါတယ်။

ပေပင်ကုန်းကျေးရွာအပါအဝင် အဲ့ဒီရွာပတ်ဝန်းကျင်ကရွာတချို့က နတ်မောက်ရေလှောင်တမံ တည်ဆောက်ခဲ့တဲ့အတွက် နေရာသစ်ကိုပြောင်းရွေ့ခဲ့ရတဲ့ ကျေးရွာတွေပါ။ အရင်ကတော့ အဲဒီကျေးရွာတွေက  ချောင်းနံဘေးမှာပါ။ ရွာဟောင်းနေရာက ချောင်းဘေးဖြစ်တာကြောင့်လက်ယက်တွင်းတွေအလွယ်တကူတူးလို့ရခဲ့ ပါတယ်။ရေငင်ပုံးနဲ့ခပ်ရတဲ့ရေတွင်းတွေလည်းရှိကာရေချိုရခဲ့ပါတယ်။ရွာအသစ်နေရာမှာတော့ရေတော်ရုံနဲ့မထွက် တာ၊ရေငံထွက်လို့သုံးမရတာတွေကြုံတွေရပါတော့တယ်။

နိုဝင်ဘာလဆိုတာက နွေဦးရာသီကိုရောက်ရှိဖို့ လပေါင်းများစွာလိုနေသေးတဲ့ကာလတစ်ခုပါ။ နွေရာသီနှောင်းပိုင်းမှာသာ ရေရှားပါးမှုကို ရင်ဆိုင်ရလေ့ရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ကျေးရွာတွေမှာ ဒီနှစ်မှာတော့ ဆောင်းလယ်ကာလမှာပဲ ရေရှားပါးမှုကို ရင်ဆိုင်နေရပါတယ်။

မကွေးတိုင်းအရှေ့ခြမ်းကမြို့နယ်တစ်ခုဖြစ်တဲ့နတ်မောက်မြို့နယ်မှာရေရှားပါးပြတ်လပ်မှုကိုရင်ဆိုင်ရ တော့မယ့် အခြေအနေကိုရောက်နေပါပြီ။ဒါက နိုဝင်ဘာလဖြစ်ပါတယ်။ နွေရာသီရောက်ဖို့ကလည်း လအနည်းငယ်လိုနေပါသေးတယ်။  ဒါပေမယ့် နတ်မောက်မြို့ နယ်နဲ့ရေနံချောင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းနံဘေးက ပိတောက်ကုန်း ကျေးရွာခံတွေကတော့ ရေရှားပါးမှုကိုစတင်ရင်ဆိုင်နေကြရပါပြီ။  မြေသားရေကန် (၃)ခုရှိတဲ့ ဒီကျေးရွာမှာ အဲဒီရေကန်တွေကို အသုံးပြုလို့မရနိုင်တော့ဘူးလို့ ပြောရမယ့် အခြေအနေပါ။ဒီရေကန်ထဲကရေတွေကကုန်လုနီးပါးအထိရောက်လာပြီးကန်ရဲ့အလယ်မှာရေအနည်းသာကျန်ပါတော့တယ်။  ကန်မှာအရင်ကရေရှိခဲ့တဲ့နေရာတွေကရွံ့နွံတွေနဲ့ပြည့်နေလို့ခပ်ယူသုံးစွဲဖို့ဒါမှမဟုတ်တိရိစ္ဆာန်တွေကိုရေသောက် ဆင်းခိုင်းဖို့ တောင်မလွယ်ကူတော့ပါဘူး။  ကျေးရွာခံတွေက ကန်ထဲကလက်ကျန်ရေကိုမြောင်းသွယ်ပြီးခက်ခက်ခဲခဲခပ်ယူနေရပါတယ်။ ရွံ့နွံတွေကြောင့် တရိစ္ဆာတွေဆင်းပြီးတော့ ရေသောက်လို့မရတော့ပါဘူး။  မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်နေတဲ့ ဒီရွာလေးအတွက် သောက်သုံးရေက စိန်ခေါ်မှုကြီးမားတဲ့ ရင်းမြစ်ဆုံးရှုံးမှုလို့ဆိုရမှာပါ။ အိမ်ခြေ ၁၆၀လောက်ရှိတဲ့ဒီရွာ လေးမှာယခင်ကတော့တရိစ္ဆာန်တွေကို ကန်ထဲကရေကို အလွယ်တကူတိုက်လို့ရပေမယ့်ခုတော့လူတွေသောက်တဲ့ ရေအရင်းမြစ်ထဲကနေခွဲဝေပြီး တိုက်နေရပါတယ်။ အခုအချိန်မှာဒီရွာကလူတွေရဲ့မှီခိုရာက ရေငင်တွင်းတွေပါပဲ။ ရွာမှာရေငင်(၃)တွင်းရှိနေပေမယ့် ရွာကလူတွေအတွက်မလုံလောက်တော့ ပါဘူး။  “ရေတွင်းတွေကလည်း မိုးမရွာလို့လားမသိဘူး။အရင်လောက်မစိမ့်တော့ဘူး”လို့ပိတောက်ကုန်းကျေးရွာခံ ဦးမျိုးဆန်းကဆိုပါတယ်။  ရေတစ်စည်ရဖို့အတွက်နာရီဝက် ၄၅မိနစ်လောက်စောင့်ရတဲ့ အဲဒီ ရေတွင်းတွေကရေကိုနေ့စဉ်သောက်သုံး ဖို့အတွက် တန်းစီစောင့်ခပ်ကြရတာပါ။တစ်အိမ်ထောင်ကိုအနည်းဆုံး တစ်နေ့ရေနှစ်စည်လောက်ကုန်တဲ့အတွက် ရေ အတွက်ရုန်းကန်ရတာမလွယ်ကူလှပါဘူး။ တခါတရံရေစည် ၄၊၅စည်လောက်ပဲထွက်ပြီးရပ်သွားတဲ့ ဒီရေတွင်းတွေက အိမ်ခြေ ၁၆၀ရှိတဲ့ သူတို့ကျေးရွာလေး အတွက်တော့တကယ်ကိုနည်းပါးတဲ့ ရေအရင်းမြစ် ဖြစ်ပါတယ်။  ဒီနှစ်မိုးဦးမှာမိုးခေါင်ခဲ့လို့မကွေးတိုင်းထဲကကျေးရွာတော်တော်များများမှာရေရှားပါးပြတ်လပ်မှုဒဏ်ကိုခံခဲ့ရပါတယ်။ ဒီထဲမှာ ပိတောက်ကုန်းကျေးရွာလည်းပါဝင်ပါတယ်။ဩဂုတ်လအစပိုင်းလောက်မှာတော့မိုးအနည်းငယ်ရွာ ခဲ့ပါသေးတယ်။ဒါကလည်းမိုးတွင်းနဲ့စာရင်မရွာသလောက်လို့ဆိုရမှာပါ။  “မိုးဦးကတည်းကတိုင်မိုးခေါင်လာတာ။မိုးကတော့ဒီနှစ်မရွာဘူးလို့တောင်ပြောလို့ရတယ်။အခုမြေပဲခင်းတွေဆိုမီးရှို့ရင်တောင်လောင်တယ်

မကွေးတိုင်းရဲ့တောင်ဘက်ခြမ်းက ကံမနဲ့သရက်မြို့နယ်တွေမှာလည်း ရေရှားပါးတဲ့ရွာတွေ အများအပြား ရှိနေ ပါသေးတယ်။ ကံမမြို့နယ်ရဲ့တစ်ခြမ်းလောက်ကမြေအောက်ရေတူးယူသုံးစွဲ ရတဲ့ကျေးရွာတွေပါ။ မိုးရေချိန်လက်မနည်းလာတာ၊မြေအောက်ရေခမ်းလာတာနဲ့ဧရာဝတီမြစ်ရေခမ်းလာတာတွေအပြင်  ကံမမြို့ဝန်းကျင် မှာစီးဆင်းတဲ့ မင်းတုန်းချောင်းနဲ့မဒေးချောင်းတွေ ရေခန်းလာတာကြောင့် ကံမဒေသမှာ ရေရှားပါးမှုကိုပိုမိုဖြစ်ပေါ်စေခဲ့ပါတယ်။

ရေရှားပါးတာနဲ့ပါတ်သတ်ပြီး ကျေးလက်ဒေသနဲ့တိုင်းဒေသကြီးလွှတ်တော်ပူးပေါင်းလို့ မြေအောက်ရေထုတ်ယူလို့ မရတဲ့ကျေးရွာတွေကို မြေသား ရေကန်တူးဖော်ပေးတဲ့လုပ်ငန်းတွေကို လုပ်ဆောင်ပေးနေပါတယ်။ မြေသားရေကန်တူးဖော်တဲ့လုပ်ငန်းက ရွာ(၂၀) လောက်အကောင်အထည်ဖော်ပြီးပါပြီ။ မြေအောက်ရေတူးလို့ရတဲ့ဒေသတွေမှာမြေအောက်ရေတူးဖော်ပေးပြီး အိမ်တိုင်ယာရောက်ရေပေး ရေးစနစ်ဖြစ်အောင်လုပ်ပေးနေပါတယ်။ ဒီလိုလုပ်ပေးတာ(၃)နှစ်အတွင်းမှာကျေးရွာ(၇)ရွာ လောက်အကောင်အထည်ဖော်နေပြီလို့ ကံမမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောပါတယ်။

ဒီလိုစီမံကိန်းတွေ အကောင်အထည်ဖေါ်ခဲ့ပေမယ့် ကံမမြို့နယ်မှာအခုအချိန်ထိရေရှားပါးမှုဒဏ်ကိုရင်ဆိုင်နေရဆဲ ကျေးရွာတွေရှိနေပါသေးတယ်။ကံမမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းကမြေအောက်ရေတူးဖော် ရရှိသလို မြစ်ရေလည်းသုံးလို့ရပြီး မြို့နယ်ရဲ့တောင်ဘက်ခြမ်းကတော့မြေအောက်ရေတူးဖော်သုံးစွဲလို့မရပါဘူး။တောင်ဘက် ခြမ်းကမြေအောက်ရေထုတ်ယူသုံးစွဲလို့မရရုံမကရေအရည်အသွေးလည်းမကောင်းပါဘူးလို့ ဒေသခံတွေကဆိုကြ ပါတယ်။

ပြီးခဲ့တဲ့မိုးရာသီက မိုးရွာသွန်းမှုနည်းပါးခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကကျေးရွာတွေမှာတော့ ဆောင်းလယ်ကာလ မှာပဲ ရေရှားပါးမှုကိုရင်ဆိုင်နေကြရပါပြီ။

မကွေးတိုင်း ၂၅မြို့နယ်ထဲက မြို့နယ်နှစ်ခုကတော့ နိုဝင်ဘာလ ဆောင်းလယ်ကာလကတည်း ရေရှားပါးမှု ကိုရင်ဆိုင်နေကြရတာပါ။ မကြာမီမှာပဲ နွေဦးရာသီကိုရောက်ရှိပါတော့မယ်။ အပူပိုင်းဒေသက ဒေသခံတွေကတော့ ရေအခက်အခဲအတွက် ကူညီနိုင်မယ့်သူတွေကို စောင့်မျှော်နေဆဲပါ။

အိလေးရေးသားသည်။

မကွေးတိုင်းအရှေ့ခြမ်းကမြို့နယ်တစ်ခုဖြစ်တဲ့နတ်မောက်မြို့နယ်မှာရေရှားပါးပြတ်လပ်မှုကိုရင်ဆိုင်ရ တော့မယ့် အခြေအနေကိုရောက်နေပါပြီ။ဒါက နိုဝင်ဘာလဖြစ်ပါတယ်။ နွေရာသီရောက်ဖို့ကလည်း လအနည်းငယ်လိုနေပါသေးတယ်။  ဒါပေမယ့် နတ်မောက်မြို့ နယ်နဲ့ရေနံချောင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းနံဘေးက ပိတောက်ကုန်း ကျေးရွာခံတွေကတော့ ရေရှားပါးမှုကိုစတင်ရင်ဆိုင်နေကြရပါပြီ။  မြေသားရေကန် (၃)ခုရှိတဲ့ ဒီကျေးရွာမှာ အဲဒီရေကန်တွေကို အသုံးပြုလို့မရနိုင်တော့ဘူးလို့ ပြောရမယ့် အခြေအနေပါ။ဒီရေကန်ထဲကရေတွေကကုန်လုနီးပါးအထိရောက်လာပြီးကန်ရဲ့အလယ်မှာရေအနည်းသာကျန်ပါတော့တယ်။  ကန်မှာအရင်ကရေရှိခဲ့တဲ့နေရာတွေကရွံ့နွံတွေနဲ့ပြည့်နေလို့ခပ်ယူသုံးစွဲဖို့ဒါမှမဟုတ်တိရိစ္ဆာန်တွေကိုရေသောက် ဆင်းခိုင်းဖို့ တောင်မလွယ်ကူတော့ပါဘူး။  ကျေးရွာခံတွေက ကန်ထဲကလက်ကျန်ရေကိုမြောင်းသွယ်ပြီးခက်ခက်ခဲခဲခပ်ယူနေရပါတယ်။ ရွံ့နွံတွေကြောင့် တရိစ္ဆာတွေဆင်းပြီးတော့ ရေသောက်လို့မရတော့ပါဘူး။  မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်နေတဲ့ ဒီရွာလေးအတွက် သောက်သုံးရေက စိန်ခေါ်မှုကြီးမားတဲ့ ရင်းမြစ်ဆုံးရှုံးမှုလို့ဆိုရမှာပါ။ အိမ်ခြေ ၁၆၀လောက်ရှိတဲ့ဒီရွာ လေးမှာယခင်ကတော့တရိစ္ဆာန်တွေကို ကန်ထဲကရေကို အလွယ်တကူတိုက်လို့ရပေမယ့်ခုတော့လူတွေသောက်တဲ့ ရေအရင်းမြစ်ထဲကနေခွဲဝေပြီး တိုက်နေရပါတယ်။ အခုအချိန်မှာဒီရွာကလူတွေရဲ့မှီခိုရာက ရေငင်တွင်းတွေပါပဲ။ ရွာမှာရေငင်(၃)တွင်းရှိနေပေမယ့် ရွာကလူတွေအတွက်မလုံလောက်တော့ ပါဘူး။  “ရေတွင်းတွေကလည်း မိုးမရွာလို့လားမသိဘူး။အရင်လောက်မစိမ့်တော့ဘူး”လို့ပိတောက်ကုန်းကျေးရွာခံ ဦးမျိုးဆန်းကဆိုပါတယ်။  ရေတစ်စည်ရဖို့အတွက်နာရီဝက် ၄၅မိနစ်လောက်စောင့်ရတဲ့ အဲဒီ ရေတွင်းတွေကရေကိုနေ့စဉ်သောက်သုံး ဖို့အတွက် တန်းစီစောင့်ခပ်ကြရတာပါ။တစ်အိမ်ထောင်ကိုအနည်းဆုံး တစ်နေ့ရေနှစ်စည်လောက်ကုန်တဲ့အတွက် ရေ အတွက်ရုန်းကန်ရတာမလွယ်ကူလှပါဘူး။ တခါတရံရေစည် ၄၊၅စည်လောက်ပဲထွက်ပြီးရပ်သွားတဲ့ ဒီရေတွင်းတွေက အိမ်ခြေ ၁၆၀ရှိတဲ့ သူတို့ကျေးရွာလေး အတွက်တော့တကယ်ကိုနည်းပါးတဲ့ ရေအရင်းမြစ် ဖြစ်ပါတယ်။  ဒီနှစ်မိုးဦးမှာမိုးခေါင်ခဲ့လို့မကွေးတိုင်းထဲကကျေးရွာတော်တော်များများမှာရေရှားပါးပြတ်လပ်မှုဒဏ်ကိုခံခဲ့ရပါတယ်။ ဒီထဲမှာ ပိတောက်ကုန်းကျေးရွာလည်းပါဝင်ပါတယ်။ဩဂုတ်လအစပိုင်းလောက်မှာတော့မိုးအနည်းငယ်ရွာ ခဲ့ပါသေးတယ်။ဒါကလည်းမိုးတွင်းနဲ့စာရင်မရွာသလောက်လို့ဆိုရမှာပါ။  “မိုးဦးကတည်းကတိုင်မိုးခေါင်လာတာ။မိုးကတော့ဒီနှစ်မရွာဘူးလို့တောင်ပြောလို့ရတယ်။အခုမြေပဲခင်းတွေဆိုမီးရှို့ရင်တောင်လောင်တယ်

Advertisements