ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ကျောရိုးမကြီးဟု တင်စားရမလိုဖြစ်သည်။ မြန်မာနိုင်ငံမြေပုံ၏ဦးခေါင်းမှ ပင် လယ်ထဲအထိ ရှည်လျားစွာစီးဆင်းနေသောမြစ်တစ်စင်းဖြစ်သည်။မြန်မာနိုင်ငံသည် ဧရာဝတီမြစ်အားပိုင်ဆိုင် ရခြင်းက ကြီးမားသောတန်းဖိုးဖြစ်လေသည်။ သို့သော် အသုံးပြုမှုအပေါ်တွင်သာမှီတည်သည့် အကျိုးကျေးဇူး  ကိုပြန်လည်ရရှိမည်မှာ သဘာဝတရား၏မှန်ကန်သောတုန့်ပြန်မှုသာဖြစ်ပေလိမ့်မည်။

ပထမမြန်မာနိုင်ငံတော်ဖြစ်သည့် ပုဂံမှစ၍ အဆက်ဆက်သော မြန်မာနိုင်ငံတော်၏မင်းနေပြည်တော်များ တည်ဆောက်ခြင်းမှာလည်း ဧရာဝတီမြစ်ကိုအခြေခံ၍သာ တည်ဆောက်ခဲ့သည်ကများသည်။ဧရာဝတီအား အခြေခံသည့် ကုန်စည်စီးဆင်းမှုနှင့် စစ်ရေးဗျူဟာများကြောင့်လည်း မင်းနေပြည်တော်များမှာ ဧရာဝတီအား အခြေခံ၍ မြို့တည်လေ့ရှိကြောင်း သုတေသီများကဆိုသည်။

နိုင်ငံတစ်ခု၏မြစ်တစ်စင်းသည် ယင်းနိုင်ငံအား သဘာဝကပေးထားသည့် အဖိုးမဖြတ်နိုင်သော ရတနာပင်ဖြစ် လေသည်။ သို့သော် အသုံးချမှုအပေါ်တွင်မူတည်သည့် အကြိုးဆက်ကိုတော့ခံစားရမည်ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းမှာတော့ ဧရာဝတီမြစ်၏ရေစီးကြောင်းများက သိသာစွာပြောင်းလဲလာခဲ့သည်။ ဧရာဝတီ၏သက်ရှိ၊ သက်မဲ့ သယံဇာတများအား စည်းကမ်းမဲ့စွာအလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့်ဖြစ်သလို ဓာတုပစ္စည်းများအားလည်း မဆင်မခြင် မြစ်အတွင်းစွန့်ပြစ်ခြင်းကလည်း ဧရာဝတီ၏ ဂေဟစနစ်ကို ပျက်စီးစေ သည်ဟု သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့များက မှတ်ချက်ပြုခဲ့ကြသည်။

ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

ယင်းကြောင့်ပင် ဧရာဝတီ၏စီးဆင်းမှုက မူမမှန်တော့ပဲ တစ်လနှစ်လအတွင်းမှာပင် ရေစီးကြောင်းများကအမျိုး မျိုးပြောင်းလဲနေတော့သည်။ထို့ကြောင့်ပင် ဧရာဝတီမှပေးထားသည့် ကုန်စည်စီးဆင်းမှုကို များစွာထိခိုက်စေခဲ့ ကြောင်း ဧရာဝတီတွင် အစုန်၊အဆန် ကုန်သယ်ပေးသည့် ကုန်တင်သင်္ဘော ကိုယ်စားလှယ်လုပ်ငန်း လုပ်ကိုင်သူ ဦးဇော်ဝင်းဆွေကထောက်ပြပြောဆိုသည်။

“မြစ်အလယ်ပိုင်းထက် မြစ်အောက်ဘက်က ကျောက်စရစ်စုပ်လုပ်ငန်းတွေက စည်းကမ်းမရှိပဲကိုလုပ်ကြတာ။ အောက်ကနေ အထက်မန္တလေးကိုတက်သွား ပြန်စုန်ဆင်းလာလို့အောက်ဘက်ရောက်ရင် တစ်လနှစ်လ အတွင်းမှာကိုပဲ မြစ်ကြောင်းကပြောင်းသွားပြီ။ပြောင်းသွားတဲ့မြစ်ကြောင်းပေါ်မှာ လမ်းကြောင်းရှာပြီးမောင်း ရတာခက်ခဲလာတယ်။”ဟု ၎င်းကဆိုသည်။

မြစ်ကျောက်စရစ်ထုတ်လုပ်ငန်းများအား အလွန်အကျွံထုတ်ယူသည့်အခါ မြစ်အောက် ဂလိုင်များ များစွာဖြစ်စေပြီး မြစ်ရေစီးကြောင်းကို တစ်လအတွင်းမှာပင် အမျိုးမျိုးပြောင်းလဲသွားစေနိုင်ကာ ယင်းကြောင့် ကုန်စည် စီးဆင်းမှု သင်္ဘောများသွားလာရာတွင် နှောင့်နှေးမှုများနှင့်ရင်ဆိုင်ရသည်။ထို့ကြောင့် နိုင်ငံတော်၏စီးပွားကိုပါထိ ခိုက်စေသည်ဟု ဦးဇော်ဝင်းဆွေက တွက်ပြပြောဆိုသည်။

ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

“အောက်ပိုင်းကြတော့ ရွှေကျင်တို့၊ကြံခင်းတို့သွားရင် ကျောက်စုပ်တဲ့သူတွေကများတယ်။သူတိုကျောက်စုပ်သမျှ ရေလမ်းကြောင်းတွေကပြောင်းတာပဲ။ကြံခင်းအောက်ဘက်မှာတော့ မြစ်သဲကျောက်က Open ကိုထုတ်သလို ဖြစ်နေတယ်။သူတို့ကြောင့်ပဲ ရေလမ်းကြောင်းတွေပြောင်းတယ်။”ဟု ၎င်းက သူ့အတွေ့အကြုံကိုရှင်းပြသည်။

ယင်းကဲ့သို့ရေလမ်းကြောင်းများပြောင်းလဲစီးဆင်းနေသောကြောင့် ကမ်းပါးပြိုမှုများ တစထက်တစပိုမိုများ ပြားလာပြီး သဲသောင်အနယ်ချမှုပိုများပြားလာကာ မြစ်ရေအောက်ကြမ်းပြင်မြင့်တက်လာခဲ့သည်။

ယင်းကဲ့သို့ မြင့်တက်လာခြင်းကြောင့်သင်္ဘောကြီးများသွားလာရခက်ခဲလာပြီး ကုန်စည် စီးဆင်းမှုကို အဟန့်အတားဖြစ်စေကြောင်း မြစ်ကြောင်းကုန်စည်တင်ပို့ ခြင်းလုပ်ငန်းအားလုပ်ကိုင်သူ ဦးမိုးခိုင်စိုးက ပြောသည်။

“CB တွဲသင်္ဘောလို့ခေါ်တာပေါ့။အဲဒီကုန်တင်တဲ့ သံခုံက ရေစူး (၉)ပေထိအောင်ရှိတယ်။ဒါပေမဲ့ မြစ်ရေအောက် ကြမ်းပြင်မြင့်တတ်လာတော့ ရေစူး(၉)ပေအထိကုန်တင်လို့မရဘူး။ရေစူး(၄)ပေလောက်အထိပဲ ကုန်ကိုတင်လို့ ရတယ်။အဲဒီတော့ ကုန်အများကြီးတင်လို့မရတော့ စီးပွားရေးအရလည်းထိခိုက်တယ်။ကုန်စည်စီးဆင်းမှုမှာ လည်းလျော့ကျသွားတယ်။”ဟု ၎င်းကဆိုသည်။

ယခင်က CBတွဲမော်တော်ကြီးများမှာ ကုန်အပြည့်တင် ရေအားဦးတိုက်မောင်းနှင်၍ ရခဲ့သော်လည်း ယခုအခါ တွင် မိုးတွင်းကာလ ရေကြီး ရေပြည့်နေသော်လည်း မြစ်ရေအောက်ကြမ်းပြင်မြင့်တတ်လာခြင်းကြောင့် ကုန် စည်အပြည့်အဝတင်၍ မောင်းနှင်၍မရတော့ကြောင်း ဦးမိုးခိုင်စိုးကပြောသည်။

“CBတွဲရဲ့ ဝမ်းဗိုက်ထဲမှာ ဒီဇယ်သယ်မယ်ဆိုရင် ဂါလံ(၃)သိန်းအထိထည့်ပြီးသယ်လို့ရတယ်။ကုန်းပတ်ပေါ်မှာ ကုန်တွေထပ်တင်လို့ရတယ်။မြစ်ရေကို ဦးတိုက်မောင်းလို့ရတယ်။ ဦးတိုက်မောင်းတယ်ဆိုတာက မြစ်ရေနဲ့ Level (ညီတူနည်းပါး)ကုန်တင်မောင်းလို့ရတယ်။ခုမြစ်ရေအရ ကုန်တွေကိုလျှော့တင်ရတော့ စီးပွားရေးအရလည်း အဆင်မပြေသလို။ကုန်အဝင်အထွက်တွေမှာလည်းလျော့ကျသွားတယ်။”ဟု ၎င်းကဆိုသည်။

မြစ်ကြောင်းပြောင်းလဲခြင်း၊မြစ်အောက်ကြမ်းပြင်မြင့်တက်လာခြင်းတို့ကြောင့် မြစ်အတွင်းခုတ်မောင်းနေသည့် မော်တော်ကြီးများမှာ သတ်မှတ်တွက်ချက်ထားသည့်အချိန်များတွင် ရောက်ရှိနိုင်ခြင်းမရှိပဲ လမ်းခရီး ကြန့်ကြာမှု များနှင့်အလုပ်သမားဝန်ထမ်းစရိတ်များအပါအဝင် ကုန်ကျစရိတ်များ များပြားလာခြင်းကြောင့် အရှုံးများနှင့် ရင်ဆိုင်ရသည်ဟု လုပ်ငန်းရှင်များကပြောသည်။

ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

သို့သော် လွန်ခဲ့သည့် ငါးနှစ်ကျော်လောက်ကတော့ ယင်း သင်္ဘော (CB)တွဲလုပ်ငန်းရှင်တို့ ပျော်ရွှင်ခဲ့ရဘူးသည် ဟု ဦးမိုးခိုင်စိုးဆိုသည်။

“အဲဒီတုန်းက တရုတ်ပိုက်လိုင်းရှိတယ်။နောက်ပြီးကျ ကျောက်မီးသွေးရှိတယ်။တရုတ်ပိုင်းလိုင်းတွေတင်လာ။ ကျောက်မီးသွေးတင်ပြန်လာ အလုပ်ဖြစ်တယ်။အဲဒီတော့လူတွေက CBတွဲတွေအများကြီးထောင်ချလိုက်တယ်။ CB တွဲတစ်တွဲကလည်း သိန်း သုံးထောင် လေးထောင်လောက်ကျတယ်။တရုတ်ပိုက်လိုင်းကြီးတွေ၊ယန္တယားတွေ သယ်ကြရတော့အိုကေပေါ့။ခုကြတော့ အကုန်ရှုံးကုန်ပြီ”ဟု ၎င်းကပြောသည်။

ယခုအချိန်တွင်တော့ ဧရာဝတီမြစ်ကြောင်းပြောင်းခြင်း၊မြစ်ရေတိမ်ခြင်းတို့ကြောင့် သင်္ဘောကြီးများ မောင်းနှင်ရန် အခက်အခဲရှိနေသလို ဧရာဝတီမြစ်အား အစုန်၊အဆန် သွားလာပို့ဆောင်ရန်ပင် ကုန်စည်မရှိခြင်းနှင့်ရင်ဆိုင်နေ ရကြောင်း ဦးမိုးခိုင်စိုးကဆိုသည်။

ဧရာဝတီ၏စီးဆင်းမှုသဘာဝတရားပျက်စီးလာခြင်းက ရေလမ်းကြောင်းတို့လည်း ယိုယွင်းမှုများလာပြီဖြစ်သည်။ ငွေအရင်းအနှီးများစွာ ကုန်တင်သင်္ဘောကြီးအား မှီခိုကာဘဝရပ်တည်ရသည့် ဝန်ထမ်းများစွာတို့၏စားဝတ်နေ ရေးများလည်းခက်ခဲလာခဲ့ကြောင်း ဦးဇော်ဝင်းဆွေကပြောသည်။

ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

မြစ်ကြောင်းပြောင်းလဲခြင်း၊မြစ်ရေတိမ်လာခြင်းက သင်္ဘောကြီးများမောင်းနှင်ရခက်ခဲလာသလို၊ သောင်တင်ခြင်း၊(ရေအောက်ကြမ်းပြင်သောင်ပေါ်တွင် သင်္ဘောတင်သွား၍ မောင်းမရတော့ခြင်း) များကိုလည်း ယခင်ကထက်ပိုမိုရင်ဆိုင်လာရကြောင်း လုပ်ငန်းရှင်များကပြောသည်။

“သစ်လုံးတွေတင်လာတဲ့သင်္ဘောသောင်တင်သွားရင်တော့ ဆုံးရှုံးမှုတော်တော်များတယ်။သူကရွေ့လို့မရဘူး။ ပဲတွေ၊ဆန်တွေတင်လာတဲ့သင်္ဘောတောင်တင်သွားရင်တော့။CBတွဲကတင်သွားပေးမဲ့ နောက်ကတွန်းတဲ့ သင်္ဘောကလွတ်နေတယ်။ဝန်ထမ်းတွေတော့ပင်ပန်းတယ်။ကုန်တွေကိုရွေ့ပြောင်းရတာပေါ့။ဒါပေမဲ့လည်း ဆုံးရှုံးမှုအနည်းအများပါပဲ။ရှုံးတာပါပဲ”ဟု သင်္ဘောကိုယ်စားလှယ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးဇော်ဝင်းဆွေက ပြောသည်။

ဧရာဝတီမြစ်ရေပြင်ပေါ်တွင် နေထိုင်ကြရသည့်သူများအချင်းချင်းတော့ ယိုင်းပင်းကူညီချစ်ခင်ကြသည်ဟု ၎င်းကဆိုသည်။သင်္ဘောတစ်စင်းသောင်တင်သွားလျှင်များစွာဒုက္ခရောက်လေ့ရှိသည်။ထို့ကြောင့်ပင် ကျန် သင်္ဘောများမှ သောင်တင်နေသည့် သင်္ဘောအား ဝိုင်း၍ တွန်းပေးခြင်း၊ဆွဲပေးခြင်း၊စာနပ်ရိက္ခာကူညီထောက် ပံ့ခြင်းများကို လုပ်ဆောင်ပေးကြသည်ဟု ၎င်းကဆိုသည်။

ဧရာဝတီ သင်္ဘောသားတို့အတွက် ကျားပိုက်အန္တရာယ်များကလည်းရင်ဆိုင်ရသေးသည်။ ယင်းကျားပိုက် (မြစ်ကြောင်းပေါ်တွင် ငါးဖမ်းရန်ထောင်ထားသောငါးဖမ်းပိုက်)များက ရန်ကုန်အဝင်တွင်များစွာ တွေ့ရမည် ဖြစ်သည်။

အောက်ပြည် ရန်ကုန်အဝင်သို့ သင်္ဘောကြီးများဝင်လာချိန်တွင် မြစ်ကြောင်းမှာလည်းကျဉ်းလာပြီး ယင်းကျားပိုက် များကို ရှောင်မောင်းရန်မှာခက်ခဲလာသည်။ထို့ကြောင့် ယင်းကျားပိုက်များအားတိုက်မိလျှင်တော့ ကျားပိုက်ပိုင်ရှင် နှင့်ညှိနှိုင်း၍ လျှော်ကြေးပေးရသည့်ဒုက္ခလည်းရှိကြောင်း သင်္ဘောမောင်းသည့် စလင်ကြီးများ ကပြောသည်။

“ကျားပိုက်သမားတွေက ငါးဖမ်းတာမဟုတ်ဘူး။သင်္ဘောဖမ်းတာဗျ။ငါးရမရမသိဘူး။မြစ်ချောင်းထဲမှာ ကျားပိုက် ကို အပြည့်ချထားတာ။ရှောင်လို့မရနိုင်အောင်ပဲ။တိုက်မိရင် လျှော်ကြေးပေးရတော့တာပဲ။ ငါးဖမ်းသူ တွေမဟုတ်ပါ ဘူး။သင်္ဘောဖမ်းသူတွေပေါ့”ဟုစလင်းကြီးတစ်ဦး(ဧရာဝတီသင်္ဘောမောင်းကပ္ပတိန်)က ရယ်မောစွာမှတ်ချက်ပြု သည်။

ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

ဧရာဝတီသင်္ဘောသားတို့အဖို့ ယင်းကျားပိုက်များအန္တရာယ် လျှော်ကြေးကလည်း ဧရာဝတီမြစ်ကြီး၏ အစုန် ၊ အဆန်တို့တွင် မဖြစ်မနေရင်ဆိုင်နေရသည့်ပြဿနာဖြစ်သည်။

“ဆန်တတ်လာတာဆိုရင်ပြသနာမရှိဘူး။ကျားပိုက်မြင်ရင် ခဏတောင့်ရပ်ထားပြီး။ညှိနှိုင်း သူ့ပိုက်ကိုခဏရုပ် ခိုင်းလို့ရမယ်။ စုန်ဆင်းလာတာကြတော့ မြင်မှရပ်လို့မရတော့ဘူး။ရေစီးကရှိနေတယ်။တိုက်မိရင်တော့လျှော် လိုက်ရတာပေါ့ဗျာ”ဟု ဦးဇော်ဝင်းဆွေက အရွှင်းဖေါက်၍ပြောသည်။

သိုသော် ယင်းကျားပိုက်တံငါသည်တို့နှင့် ဧရာဝတီသင်္ဘောသားတို့၏ပြဿနာမှာ ကြီးမားသောပြဿနာမဟုတ်ပဲ ရေလုပ်သားခြင်းအမှတ်တရအဖြစ်အပျက်များသာဖြစ်သည်။

ဧရာဝတီသင်္ဘောသားတို့၏အကြီးမှာဆုံးပြသနာမှာ မိခင်ဧရာဝတီ၏ရင်ခွင် ကျန်းမာရေးချို့တဲ့လာခြင်းပင်ဖြစ် သည်။မြစ်ကြောင်းပြောင်းလဲလာခြင်း၊မြစ်ရေအောက်ကြမ်းပြင်မြင့်တတ်လာခြင်းတို့က ကုန်စည်စီးဆင်းမှုနှင့် ငွေကြေးမြှပ်နှံမှုဆုံးရှုံးခြင်းနှင့်သင်္ဘောသားဝန်ထမ်းများ၏စားဝတ်နေရေးခက်ခဲလာခြင်းများကိုဖြစ်ပေါ်လာစေ သည်။

ဧရာဝတီရင်ခွင်ပေါ်က ကုန်စည်စီးဆင်းမှု

မြန်မာနိုင်ငံ၏ကြောရိုးမကြီးဖြစ်သည့် ဧရာဝတီမြစ်ကြီး မြစ်ကြောင်းပြောင်းလဲခြင်း၊မြစ်၏သယံဇာတများ ဆုံးရှုံး လာခြင်း၊စိုက်ပျိုးရေး နုန်းတင်မြေနုများဆုံးရှုံးလာရခြင်း၊ကမ်းပါးများပြိုကျပျက်စီးခြင်း၊စသည့် အဖက်ဖက်မှ ယိုယွင်းလာခြင်းများက ဧရာဝတီရင်ခွင်တွင်မှီခိုနေကြသည့် ချမ်းသာသူများစ၍ မိရိုဖလား အခြေခံလူတန်းစား မိသားစုများအထိများစွာဆုံးရှုံးထိခိုက်နေပြီဖြစ်သည်။

ထို့ကြောင့် ဧရာဝတီမြစ်ကြီး မှန်ကန်စွာထာဝရစီးဆင်းနိုင်ရေးအတွက် မြစ်ကြောင်းဖြိုးအနေနှင့် သေချာစွာ လေ့လာ၍ သွားရမည့်ရေကြောင်းလမ်းများပိတ်ပင်မှုမရှိစေရေးအတွက်သောင်တူးစက်များဖြင့်တူးဖေါ်ခြင်း၊ သန့်ရှင်ရေး များလုပ်ပေးခြင်း စသဖြင့် လိုအပ်သည့်သုတေသနများလုပ်ကာ ထိန်းသိမ်းထားသင့်ကြောင်း ဧရာဝတီရင်ခွင်၏သားသမီးတို့က ရင်ဖွင့်တောင်းဆိုနေကြပြီဖြစ်သည်။

ကိုမိုးအိမ်ရေးသားသည်။

Advertisements