သရက်မြစ်ကမ်းမှ ကုက္ကိုပင်လဲကျ စက်လှေ(၆)စီး နစ်မြုပ်

2381

 သရက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ကမ်းပါးရှိ ကုက္ကိုပင်အမြစ်မှ လန်ပြီးမြစ်အတွင်းလဲကျခဲ့လို့ အပင်ခြေမှာ ဆိုက်ကပ်ထားတဲ့ စက်လှေ(၆)စီးပိမိပြီး နစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့်လူနဲ့တိရိစ္ဆာန်များ ထိခိုက် ဒဏ်ရာရ သေဆုံးမှုမရှိခဲ့ပါဘူး။ ‌ဒီကနေ့ညနေကမိုးသည်းထန်စွာ ရွာသွန်းတာကြောင့်ရွှေဘုံသာရပ်ကွက် ကမ်းနားလမ်း စီးပွားရေးဘဏ်ရှေ့ ဧရာဝတီမြစ်ကမ်းပါးက သက်တမ်းရင့် ကုက္ကိုပင်ကြီး အမြစ်မှလန်ပြီး မြစ်အတွင်းလဲကျခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ အပင်ခြေမှာဆိုက်ကပ်ထားတဲ့ မြင်းကောင် ရေ(၂၀)အောက်စက်တပ်ရေယာဉ်အသင်း သရက်-အောင်လံကူးတို့လိုင်းက သစ်သားအခွံစက်လှေ(၅)စီး သံခွံစက်လှေ(၁)စီးတို့သစ်ပင်ပိ ပျက်စီးခဲ့ရပါတယ်။ အခုလိုဖြစ်ဖြစ်ခြင်း မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယာဉ်အသင်းမှ စက်လှေပိုင်ရှင်နဲ့စက်လှေမောင်းတွေ၊ မီးသတ်ဦးစီးဌာနကသန္ဓေတပ်ဖွဲ့ဝင်‌ေတွက ကုက္ကိုကိုင်းများ ဖြတ်ရှင်းခြင်း စက်လှေပျက်အပိုင်းအစတွေကို ရှင်းလင်းခဲ့ကြပါတယ်။

သတင်းနှင့် ဓာတ်ပုံ အောင်ကြီး(သရက်)