မကွေးတိုင်းတွင် ရေဘေးရှောင်သူ သုံးရာကျော်ရှိနေ

1490

မကွေးတိုင်းထဲတွင် ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီးဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် အိမ်ထောင်စုပေါင်း (၈၄)စုနှင့်လူဦးရေ (၃၅၁)ဦးရေဘေးရှောင်စခန်းများတွင်ရောက်ရှိနေသည်ဟု မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုးကMagway Postသို့ပြောပါတယ်။

မြစ်ရေမြင့်တက်လာမှုကြောင့် ချောက်မြို့နယ်မှ ရပ်ကွက် ၇ နှင့် ရပ်ကွက် ၈ ရေနံချောင်းမြို့နယ်မှ မိန်းမလှကျေးရွာအပါအဝင် မကွေးမြို့နယ်မှမြေနုကျေးရွာတို့ရေလွတ် ရာသို့ရွှေ့ပြောင်းခဲ့ရသည်။ “သူတို့အတွက်ကိုတော့ကျွန်တော်တို့က ဘေးကင်းတဲ့ နေရာမှာပို့ဆောင်ထားပြီးဖြစ်တဲ့အတွက် အဲ့ဒီမှာကျွန်တော် တို့က သူတို့အတွက်ကိုလတ်တလောစားဖို့ ရဖို့အတွက် ဆန်ရိက္ခာတစ်ပတ်စာကို လူတစ်ယောက်ကို ၂၁၀၀ နှုန်းနဲ့တွက်ပြီးတာနဲ့ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်”ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိုးကပြောပါတယ်။ ဧရာဝတီမြစ်ရေမြင့်တတ်လာမှုနှင့်အတူ မကွေးတိုင်းအတွင်းရှိ မြို့နယ်အချို့ နှင့်ကျေးရွာများတွင်မြစ်ရေဝင်ရောက်လာမှုကြောင့်ရေလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသည် မြစ်ရေမြင့်တတ်မှုမရှိချိန်ကတည်းက ကြိုတင်ကာကွယ်မှုအနေဖြင့် ကျေးရွာများသို့လှည့်လည်၍ ရေဘေးအတွက်ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးဟောပြောမှုနှင့် ရေဘေးအန္တရာယ်အတွက်လက်ကမ်း စာဆောင်များလည်းဖြန့်ဝေပေးပြီး ဖြစ်သည်ဟု ယင်းဌာနကသိရပါတယ်။ “ကြိုတင်ကာကွယ်မှုတွေရဲ့အကျိုးသက်ရောက်မှုဆိုတာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကအဓိကကျပြီးအသိပညာပေးလုပ်ငန်းတွေကိုဘယ်လောက်ပဲလုပ်ကိုင်နေပါစေပူးပေါင်းဆောင်ရွက်မူမရှိလျှင်အကျိုးသက်ရောက်မှုရှိမှာမ ဟုတ်ပဲ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုကလဲအရေးပါတယ်”ဟုဦးမြင့်စိုးကပြောပါသည်။ မကွေးတိုင်းအတွင်း ရေကြီးမှုများတွင် ၂၀၁၅ ခုနှစ် ပွင့်ဖြူမြို့နယ် ရေကြီးမှု နှင့် ၂၀၁၆ ပခုက္ကူ ရေကြီး နစ်မြုပ်မှုများသည် မကွေးတိုင်းအတွင်းအဆိုးဆုံးရေကြီးမှုများဖြစ်သည်။ ရေဘေးသင့်နိုင်ခြေရှိသည့် ဒေသမှပြည်သူများအနေဖြင့် မိုးလေဝသသတင်းများအား စဉ်ဆက်မပြတ်နားထောင်ရန်နှင့် အရေးပေါ် အခြေအနေများဖြင့်ပါတ်သတ်၍ ကြေငြာထားသည့် ဆက်သွယ်ရနိုင်မည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်ရန်  အဆိုပါဌာနမှ အကြံပေးထားသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနများအနေဖြင့်ဒေသအတွင်းနှစ်စဉ်ရေးကြီးနိုင်တဲ့နေရာတွေမှာရေဘေးရှောင်နိုင်ရန်အတွက်နေရာတွေသတ်မှတ်ထားပြီးဖြစ်သည်ဟုသိရသည်။

သတင်း – သူရိန်ဇော်

ဓာတ်ပုံ – Magway Post