ပထမဆုံးမဲပေးခွင့်ရမည့် လူငယ်များ၏ စကားသံများ

1262

ကိုအောင်ခန့်ပိုင် (မကွေးနည်းပညာ တက္ကသိုလ် ပဉ္စမနှစ်ကျောင်းသား )

“မဲစာရင်းမှာကျွန်တော့် နာမည်မပါခဲ့ရင် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးကို သွားပြီး နာမည်မပါလာတဲ့ အကြောင်းကို ပြောမယ်။ပြီးရင်မဲစာရင်းမှာ ကိုယ့်နာမည်ပါဖို့ ပုံစံ(၃)မှာနာမည်ထည့်သွင်းပြီးတောင်းဆိုပါမယ်။

အခုလည်းမဲစာရင်းကြည့်ပြီးပါပြီ။အမေနာမည်မှားနေတဲ့ အတွက်တောင်ပြင်ခဲ့ပါသေးတယ်။ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ နိုင်ငံတွေရဲ့ ယဉ်ကျေးမှု တစ်ခုပါ။နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်ဖို့အတွက် ကျွန်တော်လည်းမဲသွားပေးမှာပါ။နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့၊မိမိအပါအဝင် နိုင်ငံသားအားလုံးရဲ့ အနာဂတ်ယုံကြည်စိတ်ချရဖို့၊မိမိအပါအဝင် နိုင်ငံသား အားလုံးရဲ့ အနာဂတ်ယုံကြည်စိတ်ချရဖို့ မဲပေးခြင်းဖြင့် ကိုယ့်အနာဂတ်ကို ဖန်တီးနိုင်တဲ့အပြင် နိုင်ငံတိုးတက်ဖို့ အတွက်ပါ တစ်ထောင့် တစ်နေရာကနေ ကူညီခွင့်ရလို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်”

မကေခိုင်ဇော်(internship SCVG Legal Aid Project)

“ကိုယ့်နာမည်မဲစာရင်းမှာ မပါရင် သက်ဆိုင်ရာ ကိုယ့်ရပ်ကွက်အုပ်ချုပ်ရေးမှုးကို မေးမြန်းရပါမယ်။

အလုပ်နဲ့ဆိုတော့ မဲစာရင်းကိုတော့ မကြည့်ဖြစ်သေးဘူး ပိတ်ရက်မှ သွားကြည့်မှာပါ။ ရွေးကောက်ပွဲအပေါ် လူငယ်တစ်ယောက် first voterတစ်ယောက်အနေနဲ့ စိတ်လှုပ်ရှားမိပါတယ် ကိုယ့်မဲတစ်ခုက သူ့မဲတစ်ခု အဲ့လိုတစ်ခုခုတွေပေါင်းပြီး ကိုယ့်တိုင်းပြည်ရဲ့အနာဂတ်ကို စစ်မှန်တဲ့ခေါင်းဆောင်တွေလက်ထဲ ကိုယ်သဘောကျယုံကြည်တဲ့ခေါင်းဆောင်တွေလက်ထဲအရောက် ထည့်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ အမှန်ကန်ဆုံးနဲ့အဖြောင့်မတ်ဆုံး မဲစာရင်းထွက်လာပါစေလဲ မျှော်လင့်မိပါတယ်ရှင့်”

ကိုနိုင်ခွန်းအား( ဥက္ကဌ ၊ရေနံချောင်းဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ)

“နာမည်စာရင်းမှာနာမည်မပါရင် ပုံစံ( ၃) မှာဖြည့်စွက်ပြီးတော့ ကိုယ့်နာမည်ပါဖို့အတွက် တောင်းဆိုမယ် ၊ ရွေးကောက်ပွဲမဲစာရင်းကတော့သွားမကြည့်ရသေးဘူး ၊ ရွေးကောက်ပွဲအပေါ် first voterတစ်ယောက်အမြင်ကတော့ ဂုဏ်ယူပါတယ် တကယ်အလုပ်လုပ်မယ့်  ခေါင်းဆောင်ကောင်းတွေကို ရွေးချယ်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်”

 

Magway Post သည်ဇူလိုင်လ နောက်ဆုံးသတင်းပါတ်အတွင်း မကွေးမြို့ပေါ်မှပထမဆုံးမဲပေးခွင့်ရလာမည့် လူငယ် အချို့ကိုတွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည်။ ထိုသို့တွေ့ဆုံမေးမြန်းရာတွင် လူငယ်တချို့သည် မဲစာရင်းတွင် ၎င်းတို့၏အမည် မပါလျှင် မည်သို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းစွာမသိရှိကြသေးပါ။ တွေ့ဆုံမေးမြန်းသူအချို့တွင် မဲစာရင်းတွင် အမည်မပါသူများလည်းရှိနေသည်။ ၎င်းတို့သည် မဲစာရင်းတွင် မိမိအမည်ပါဝင်ရေးအတွက် ပုံစံ(၃)စာရွက်ဖြည့်စွက်ရမည့် လုပ်ငန်းစဉ်ကို အထူးသီးသန့် မပြုလုပ်ချင်သူများလည်း ရှိနေကြောင်းတွေ့ရှိရသည်။

“မဲစာရင်းသွားကြည့်ပြီးပြီ။ ကျွန်တော့် နာမည်မပါဘူး။ပြန်ပါအောင်လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ကျွန်တော် ကတော့ နာမည်ပါရင် မဲထည့်လိုက်မယ်။မပါရင်မထည့်တော့ဘူး ။ အဲလိုပဲရှိပါတယ်။ ” ဟု အမည်မ‌ဖော်လိုသူ လူငယ်တစ်ဉီးမှ ဖြေကြားခဲ့သည်။

ရွေးကောက်ပွဲအပေါ် First Voter အများစု၏ အမြင်မှာ မဲပေးရတော့မည့်အတွက် စိတ်လှုပ်ရှားသည်။ မိမိမဲပေးချင်သည့် ပါတီများကို ရွေးချယ်ရတော့မည်ဖြစ်သဖြင့် ဂုဏ်ယူကြောင်း ဖြေကြားခဲ့ကြသည်။

 

မိုးပန်းဖြူစီစဉ်တင်ဆက်သည်။