COVID – 19 ရောဂါပိုးတွေ့ရှိသူ ၃ ဦးထပ်တိုး၊စုစုပေါင်း (၈၈)ဦးရှိလာ

604

ကိုဗစ် – ၁၉ ရောဂါပိုးရှိသူ (၃)ဦးထပ်တိုးလာတယ်လို့ အခုလ ၁၇ ရက်နေ့ ည(၈)နာရီမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှာအခုလ ၁၇ ရက်နေ့ ပထမအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၉၃) ခုအနက် အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာ (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကစောင့်ကြည့်လူနာ (၁)ဦးနဲ့ကလေးမြို့မှာ အသွားအလာကန့်သတ်ထားသူ (၁)ဦး၊ စုစု‌ပေါင်း (၃)ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။

သတင်း – Magway Post