၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင်ပထမဆုံးအကြိမ် မဲပေးခဲ့သည့်လူငယ်များ၏ စကားသံများ(VOX POP)

163

မကြည်ဇင်သိမ့်(နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသူ)

ပထမဆုံးမဲပေးတဲ့နှစ်မှာ Covid နဲ့ကြုံရတော့ လူတွေအများကြီးကြားထဲသွားရမှာကြောက်မိတယ်။ ဒါပေမယ့် first time မလို့လားမသိ စာမေးပွဲဖြေဖို့သွားရသလိုပဲ အဲ့နေ့ကအစောကြီးထပီး အရမ်းကို active ဖြစ်နေတယ်။ မဲသွားပေးရင် စိုးရိမ်တာ၂ခုရှိတယ် တခုက covid ကာလမှာ လူအများကြီးနဲ့ ထိတွေ့တဲ့အခါ ရောဂါကူးမှာကြောက်မိတယ်။နောက်တခုက မဲပေးရင် အမှားလုပ်မိမှာစိုးတယ်။ တကယ်မဲရုံရှေ့မှာတန်းစီတော့ လူတိုင်းmask တပ်ကြတယ်။ ၆ပေခွာရပ်ပီးတန်းစီကြတယ်။ hand gel လဲအပြည့်အစုံထားပေးတယ်။အထဲမှာ ဆန္ဒမဲပေးတဲ့အခါမှာလဲ တာ၀န်ကျတဲ့သူတွေက သေချာရှင်းပြ ပေးတော့ အဆင်ပြေပြေမဲပေးခဲ့တယ်။ မဲပေးတဲ့အခါစိတ်လုံခြုံမှုရှိလားဆိုတော့ အခုအချိန်မှာလူတိုင်း ကြောက်ရတာ Covid-19 ဆိုတော့ ကျန်းမာရေးဘက်ကအရင်ကြည့်ပီးပြောရရင် MOHS ကထုတ်ပြန် ထားတဲ့ စည်းကမ်းနဲ့အညီ မဲပေးတဲ့သူတွေက စနစ်တကျ မဲပေးလို့ရတော့ စိတ်လုံခြုံတာထက် ပိုပြီး စိတ်ကျေနပ်ရပါတယ်။ မဲပေးတဲ့အခါမျှော်လင့်ချက်ဆိုတာထက် ကိုယ်ယုံကြည်တဲ့ပါတီကို ထောက်ခံ အားပေးတာပါ။ အစိုးရအသစ်တက်လာတဲ့အခါ ဘာတွေလုပ်ပေးစေချင်လဲဆိုတော့ အများကြီးတော့ မပြောတတ်ဘူး အခု Covid-19 ကပ်ရောဂါကြီးကြောင့် ကျောင်းတွေပိတ်ထားရတယ် ကိုယ်တိုင်ကလဲ ကျောင်းမပီးသေးတော့ ရောဂါကိုပြန်ပီးထိန်းချုပ်နိုင်တဲ့အခါ ပိုကောင်းတဲ့ ပညာရေးစနစ်ကို မျှော်လင့် မိပါတယ်။ ဒီကပ်ရောဂါကြီးအမြန်ဆုံးထိန်းချုပ်နိုင်ဖို့ကလဲ ပြည်သူတွေကစည်းကမ်းလိုက်နာဖို့ အရမ်းအရေးကြီးတယ်။အစိုးရသစ်နဲ့ပြည်သူတွေပူးပေါင်းပြီးဒီရောဂါဆိုးကိုအမြန်ဆုံးအနိုင်ယူနိုင်ပါစေလို့ ဆုတောင်းပါတယ်။

ဆလိုင်းကျော်နိုင်ဦး(အရှိုချင်းအမျိုးသား)

စိတ်ခံစားမှုဆိုတော့လွတ်လပ်ပါတယ်။လွတ်လပ်စွာမဲပေးရတယ်ပေါ့။စိတ်လှုပ်ရှားမှုတော့သိပါမရှိဘူး ပုံမှန်ပါပဲ။မဲပေးရတာစိတ်ကျေနပ်မှုရှိပါတယ်ကိုယ်ကြိုက်တဲ့ပါတီကိုပေးရတဲ့အခွင့်အရေးရလို့လေ။ လွတ်လပ်ပါတယ်။စိတ်ခံစားမှုလုံခြုံပါတယ်။ကိုယ်မဲပေးတဲ့အခါမှာခုတက်လာတဲ့ အစိုးရဖွဲ့နိုင်မယ့်ပါတီ အနေနဲ့ပေါ့ မြို့နယ်တွင်းသော်လည်းကောင်း တိုင်းအတွင်းသော်လည်းကောင်း တနိုင်ငံလုံးလာမယ့် အနာဂါတ်မှာ လူငယ်တွေအတွက်အခွင့်အရေးတွေလည်းပေးစေချင်တယ်။ပြီးတော့တရားမျှတမှု၊ဥပဒေ စိုးမိုးမှုကိုလည်းရချင်တယ်ပေါ့နော်။ပညာရေး၊ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး၊လူမှုဘဝ ပေါ့လေ ပိုပြီးတော့မြင့်တက်စေချင်တဲ့ရည်ရွယ်ချက်ကိုတကယ်လုပ်ဆောင်စေချင်ပါတယ်။

မစုစုစံ(စတုတ္ထနှစ် ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ)

ညီမလေးကကြိုတင်မဲထည့်ခဲ့ရတာ။မဲသွားပေးတုန်းကတော့ရင်ခုန်တယ်။တံဆိပ်တုန်းထုတာကအစသေချာလိုက်စစ်တယ်။ UEC တံဆိတ်တုံးဟုတ်မဟုတ်ကအစသတင်းတွေမှာလည်းကြည့်ထားတာကို  ပြီးတော့အဲ့လိုပယ်မဲတွေဘာတွေလည်းလေ့လာထားတာရှိတော့သေချာစစ်ဖြစ်တယ်။ရင်ခုန်တယ်ကိုယ် ပေးလိုက်တဲ့ပါတီ တကယ်နိုင်ငံမှာနိုင်မလားပေါ့။အစိုးရအပေါ်မှာရင်ခုန်ပါတယ်။မဲပထမဦးဆုံးပေးရတာ ဆိုတော့မဲရုံပုံစံကိုအများကြီးတော့မျှော်လင့်မထားဘူး။ဒါပေမယ့်လုံခြုံတယ်။စိတ်ချရတယ်ဆိုတော့ကိုယ်မျှော်လင့်ထားသလိုဖြစ်တယ်လို့ပြောရမှာပေါ့။အဓိကမျှော်လင့်ချက်ကတော့ ကိုယ်ပေးလိုက်တဲ့ကိုယ်စား လှယ်လောင်းကကိုယ့်ရွာနဲ့ကိုယ့်မြို့နယ်ကိုတကယ်ထိရောက်ရောက်အကျိုးပြုနိုင်မလားအရင်ကြည့် တယ်ပေါ့နော်။ နောက်တစ်ဆင့်တက်တာကျတော့သူ့ရဲ့ပါတီပေါ့ ကိုယ်စားလှယ်လောင်းရဲ့အရည်အချင်း ကနေပြီးမှသူပါထားတဲ့ပါတီကတကယ်လို့အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒီနိုင်ငံအတွက်အကျိုးပြုနိုင်မ လားပေါ့ ညီမလေးတို့ကျ တော့ပညာရေးကိုအဓိကမျှော်လင့်တာပေါ့။အဲ့လိုမျှော်လင့်ချက်နဲ့ပေးဖြစ်တာ ပါ။နောက်တက်လာမယ့်အစိုးရအပေါ်မှာမျှော်လင့်ချက်ဆိုရင်တော့ လူငယ်တွေအတွက်ဆိုတာထက် တစ်နိုင်ငံလုံးစာတိုးတက်ပြောင်းလဲရေးမှာ အခုဆိုရင်တကယ်လိုအပ်နေတာတွေအများကြီးရှိတယ်ပေါ့။  သဘာဝပါတ်ဝန်းကျင်ဘက်မှာရော၊ပညာရေးဘက်မှာရောပြီးရင်စာပေဖွံ့ဖြိုးမှု ညီမလေးကတော့ အဲ့လောက်ပဲလက်လှမ်းမီတာ  အဲ့ဒီလိုနယ်ပယ်ဘက်မှာလိုအပ်နေတာတွေရှိတယ်။အဓိကစာသင် ကျောင်းတွေပေါ့ လူငယ်တွေအများစုရှိတဲ့တက္ကသိုလ်တွေမှာ တက္ကသိုလ်အဆင့်အတန်းနဲ့ညီအောင် စာကြည့်တိုက်ဆိုလည်းစာကြည့်တိုက်၊အားကစားရုံဆိုလည်းအားကစားရုံအဲ့ဒါတွေကအစပြည့်ပြည့်စုံစုံ နဲ့နိုင်တာတို့ ပြီးရင်ပညာရေးအဆင့်အတန်းကိုမြင့်လာစေချင်တယ်။အဓိကတော့ပညာရေးမျှော်လင့်ချက် ပဲပြောရမှာပေါ့ ပိုကောင်းတဲ့စနစ်နဲ့ပိုကောင်းတဲ့နယ်ပယ်တစ်ခုကိုလိုချင်တယ်။လုပ်ငန်းခွင်ဝင်တဲ့အခါမှာ လည်းကျောင်းသားတွေအနေနဲ့ကျောင်းပြီးသွားရင်တကယ်ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်တဲ့ Industry ကောင်းတစ်ခုဖြစ်စေချင်တာပေါ့။

ကိုဝေဖြိုးသက်(ချောက်မြို့)_

ပထမဆုံးမဲပေးတဲ့အတွေ့အကြုံကတော့ မနက်အစောကြီးသွားတာဆိုတော့ကျတော့နည်းနည်းတော့ရင် ခုန်တာပေါ့ ပထမဆုံးပေးရမှာဆိုတော့လေ။ကြိုပြီးတော့မဲဘယ်လိုပေးရလဲဆိုတာလေ့လာထားတယ်။ နောက်ပြီးတော့ ရင်ခုန်ဖို့တော့ကောင်းပါတယ်။ကိုယ်ပေးလိုက်တဲ့မဲတစ်ပြားနဲ့နိုင်ငံအတွက်အဆုံးအဖြတ် ဖြစ်မှာဆိုတော့လေ။မဲပေးရတဲ့မဲရုံကစိတ်ကျေနပ်မှုတော့ရပါတယ်။ဒါပေမယ့်မဲရုံကနည်းနည်းလေးတော့ ကျဉ်းတယ်ပြောရမှာပဲ။အဆင်ပြေပါတယ်။တန်းပေးပြီးတန်းထွက်လာခဲ့တာပဲ။ဘာမှအမှားအယွင်းမရှိ ခဲ့ဘူး။စိတ်လုံခြုံမှုကတော့ရှိတယ်လို့ခံစားရပါတယ်။အဂတိလိုက်စားမှုတွေကိုအများကြီးထိန်းချုပ်နိုင်ဖို့ မျှော်လင့်တယ်။ကျန်တာတော့အများကြီးမမျှော်လင့်ဘူးဗျ။အစိုးရအသစ်ဖြစ်လာပြီဆိုဘာလုပ်စေချင်လဲ ဆိုရင် ပထမဆုံးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်စေချင်တယ်။မရမကကိုပြင်စေချင်တာအဲ့ဒါ ကတော့။နောက်ပြီးအဂတိလိုက်စားမှုတွေအနည်းဆုံးထိဖြစ်သွားအောင်လုပ်စေချင်တယ်။ပိုထိထိရောက် ရောက်လုပ်စေချင်တယ်။

ကိုသာထက်ဇော်(ပထမနှစ်၊ဥပဒေပညာ)

ပထမဆုံးမဲပေးရတဲ့အတွေ့အကြုံဆိုတဲ့အတွက်  ပထမဆုံးဝင်သွားသွားချင်းမှာပဲ အနည်းနဲ့အများတော့ ရင်ခုန်ပါတယ်။ပြီးရင်ကိုယ့်လက်ထဲကိုမဲပေးရမယ့်စာရွက်တွေရောက်လာတော့ပေါ့နော်တံဆိပ်တုံးထုရင်မှားမှာတို့ပြီးရင်ကိုယ်နှစ်သက်တဲ့ပါတီမရမှာတို့အဲ့လိုမျိုးအတွေးတွေနဲ့ပေါ့နော်လက်တုန်တာတို့ ဘာတို့ အဲ့လိုမျိုးတွေရှိခဲ့ပါတယ်။ဒါကတော့ကျွန်တော့်ရဲ့ပထမဆုံးမဲပေးတဲ့စိတ်ခံစားမှုပါ။မဲပေးရတဲ့မဲရုံကပေါ့ နော် အရင်နှစ်တွေကတော့မဲ့မပေးဖူးတဲ့အတွက်ကြောင့်မဲရုံကဘယ်လိုမဲပေးရလဲဆိုတာကိုတော့မသိခဲ့ ဘူး။အခုနှစ်မှာမဲပေးရတဲ့မဲရုံကိုတော့စိတ်ကျေနပါမှုရှိပါတယ်။ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်သူတို့ လုပ်ထားတဲ့ protection တွေကိုလည်းစိတ်ကျေနပ်မှုရှိပါတယ်။မဲရုံတွင်းကိုမဝင်ခင် Mask လဲပေးတာ တို့၊ hand gel နဲ့လက်ကိုဆေးခိုင်းတာတို့ ပြီးရင်မဲရုံကအထွက်မှာနောက်တဆင့် hand gel နဲ့ထပ်ပြီး လက်ဆေးခိုင်းတာတွေလုပ်ခိုင်း တဲ့အတွက်ဒီရောဂါကာကွယ်မှုအနေနဲ့ကတော့စိတ်ကျေနပ်မှုအပြည့်ရှိ ပါတယ်။မဲပေးတဲ့နေရာမှာစိတ်လုံခြုံမှုရှိပါတယ်။မဲပေးတဲ့နေရာမှာရဲတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာလူကြီးတွေလည်းစောင့်ကြပ်ကြည့်ရှုနေတဲ့အတွက် မဲပေးတဲ့အခါမှာစိတ်လုံခြုံမှုရှိပါတယ်။မဲပေးတဲ့အခါမှာဘယ် လိုမျှော်လင့်ချက်နဲ့ပေးခဲ့လဲဆို ကိုယ်ပေးလိုက်တဲ့ပါတီကအစိုးရဖွဲ့နိုင်ရင်ကိုယ့်နိုင်ငံဘယ်လိုမျိုးကောင်း သွားမယ်ပေါ့။ဒီထက်ပိုပြီးတော့တိုးတက်လာစေချင်တဲ့မျှော်လင့်ချက်လည်းပါပါတယ်။နိုင်ငံအနေနဲ့ မပြောပဲကိုယ့်မြို့နယ်အနေဲ့ပြောရရင်ကိုယ်မဲပေးလိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကပေါ့နော် ကိုယ့်မြို့နယ်ကိုဘယ်လိုတိုးတက်အောင်ဆောင်ရွက်ပေးနိုင်မလဲပေါ့။သူတို့အပေါ်မှာလည်းယုံကြည်တဲ့ စိတ်ကြောင့်မဲပေးတာဖြစ်ပါတယ်။မျှော်လင့်ချက်တွေအများကြီးနဲ့မဲပေးခဲ့ခြင်းဖြစ်ပါတယ်။အစိုးရသစ် တက်လာရင် အများကြီးတော့လုပ်ပေးစေချင်တာမရှိပါဘူး။စင်ကာပူကိုလည်းချက်ချင်းကြီး ဝုန်းဒိုင်းနဲ့မီ ရမယ်လို့ဆိုလိုတာလည်းမဟုတ်ဖူးပေါ့နော်။လူငယ်တွေအနေနဲ့ကိုယ့်ရဲ့ privacy အပြည့်အဝရအောင် ရယ်ပြီးရင် Education ပိုင်းမှာအရင့်အရင်နှစ်တွေကထက်ပိုပြီးသာတဲ့ပညာရေးစနစ်ကိုဖော်ဆောင်ပေး စေချင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကုန်ဈေးနှုန်းပေါ့နော် ကုန်ဈေးနှုန်းတည်ငြိမ်အောင်ပိုပြီး တော့ဆောင်ရွက်စေချင်ပါတယ်။ဒီလောက်ပါပဲ။

ကိုအောင်စံဖြိုး(မေတ္တာအလင်းရောင်လူငယ် ပရဟိတအဖွဲ့)

ကျွန်တော်က ပထမဆုံးမဲပေးသူဆိုပေမယ့်ကြိုတင်မဲနဲ့ကျေနပ်ခဲ့ရပါတယ်။ပထမဆုံးအတွေ့အကြုံဆို တော့စိတ်ထဲမှာမယိုးမယွနဲ့ပေးချင်လွန်းနေတာပေါ့။မဲပေးပြီးလက်သန်းကိုမှင်တို့ရမယ်ထင်တာကြိုတင် မဲဖြစ်တဲ့အတွက်မှင်တို့စရာမလိုဘူးလို့ပြောတယ်။စိတ်ကူးထဲကမဲရုံနဲ့တော့မကိုက်ညီဘူးပေါ့။ကျွန်တော်က ကြိုတင်မဲပေးရတာဆိုတော့လေ ကိုယ့်စိတ်ကူးထဲကလို မဲရုံကြီးမှာ ခုလိုဆိုစာသင်ကျောင်းမဲရုံမှာ ခေါင်းမော့ရင် ကော့ ပြီးမဲပေးချင်တာပေါ့ ဒါပေမဲ့ ကြိုတင်မဲက အုပ်စုအုပ်ချုပ်ရေးမှုးရုံးခန်းမှာပဲပေးခဲ့ရပါတယ်။မဲပေးတာ တော့စိတ်လုံခြုံမှုရှိပါတယ် လွတ်လွတ်လပ်လပ်ပဲ။ကျွန်တော်ဘယ်လိုမျှော်လင့်ချက်နဲ့မဲပေးလဲဆို ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ အလုပ်လက်မဲ့လူငယ်တွေနဲ့ အမြဲတန်းဒုက္ခရောက်နေတဲ့အခြေခံ လူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်မျှော်လင့်ပီးယုံကြည်ရာ ကိုယ်စားလှယ်ကိုမဲပေးခဲ့ပါတယ်။အဓိက အစိုးသစ်တက်လာရင် လူငယ်တွေရဲ့အလုပ်အကိုင်အခွင့် အလမ်းနဲ့ကျနော်တို့မကွေးတိုင်းအေးချမ်းသာယာဖို့ပဲ မျှော်လင့်ပါတယ်။

အိလေးစီစဉ်တင်ဆက်သည်။