အောင်လံ-ပြည်ကားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်

1886

အောင်လံမြို့မှာ အိမ်စီးကားတစ်စီး ပေါ့ဆစွာမောင်းနှင်တာ‌ေကြာင့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကသိရပါတယ်။
အောင်လံ-ပြည်ကားလမ်းအတိုင်း မောင်းနှင်လာတဲ့ကားက အောင်လံမြို့နယ် တောင်နံ့သာကျေးရွာ မိုင်တိုင်အမှတ်(၂၁၂/၂)
နားမှာလမ်းဘေးရှားပင်ကိုဝင်တိုက်ခဲ့တာပါ။

ဒီယာဉ်တိုက်မှုမှာလူထိခိုက်ဒဏ်ရာရှိမှု မရှိပေမယ့် မော်တော်ယာဉ်ရှေ့ဦးခေါင်းပိုင်း ပျက်စီးခဲ့ပါတယ်။
ယာဉ်မောင်းက Dashboard ပေါ်က ပစ္စည်းကိုလှမ်းယူရာကနေကားစတီယာတိုင်ကိုဖိဆွဲမိတာကြောင့်
လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိတာလို့သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို အောင်လံမြို့နယ် မီး
သတ်စခန်းက ဒု မီးသတ်ဦးစီးမှူးနဲ့ သန္ဓေတပ်ဖွဲ့ဝင်(၇)ဦးတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း‌ေတွဆောင်ရွက်ပေးခဲ့သလို ပြလို့နယ်မြေရဲကင်းစခန်းမှူးနဲ့တပ်ဖွဲ့ဝင်‌ေတွကလည်းယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီးလုပ်ထုံးလုပ်နည်း‌ေတွနဲ့အညီဆောင်ရွက်နေတယ်လို့သိရပါတယ်။
သတင်း – အောင်ကြီး(သရက်)
ဓာတ်ပုံ – မီးသတ်ဦးစီးဌာန