အောင်လံသူဂိတ်ပိုင်နှင့် ယာဉ်ပိုင်များမှ သရက်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ အလှူငွေပေးအပ်

189

သရက်-ရန်ကုန် ကုန်စည်ပို့ဆောင်ရေးအောင်လံသူ ဂိတ်ပိုင်နှင့် ယာဉ်ပိုင်ရှင်များက သရက်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင်ကိုဗစ်-၁၉ ရောဂါ၊ကာကွယ်၊ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေ ခြောက်သိန်း ကျပ်ကို ယနေ့နံနက်က ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ပေးအပ်လှူဒါန်းခဲ့သည်ဟု ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က ပြောသည်။
အောင်လံသူဂိတ်မှ ထွက်ခွာမည့် ကုန်တင်ယာဉ်များက ရရှိသည့် ကုန်တင်ခခေါက်ကြေးငွေများထဲမှ အချိုးကျ စုဆောင်းငွေ ဂိတ်ပိုင်ရှင် ထည့်ဝင်ငွေများဖြင့် သရက်မြို့မှ ကျန်းမာရေး သာသနာရေး ကိစ္စများအတွက် လှူဒါန်းပေးခြင်းဖြစ်သည်ဟု အောင်လံသူဂိတ်ပိုင်ရှင် ဦးတောက်ထွန်းက မကွေးပို့စ်သို့ ပြောသည်။
သရက်ခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ၊ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အလှူငွေခြောက်သိန်းကျပ်ကို အောင်လံသူ ဂိတ်ပိုင်ဦးတောက်ထွန်းနှင့် ယာဉ်ပိုင်ရှင်များကပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်ကုသရေးဦးစီးဌာနမှူးဒေါက်တာညွန့်ရွှေအောင်က လက်ခံရယူခဲ့သည်။

သတင်း – အောင်ကြီး(သရက်)
ဓာတ်ပုံ – ကုသရေးဦးစီးဌာန