အောင်လံမြို့တွင် ကြက်မွေးမြူရေးခြံ(၉)ခြံ မီးလောင်ဆုံးရှုံး

293

သရက်ခရိုင် အောင်လံမြို့တွင် ယနေ့နံနက် စောစော(၄း၂၀)နာရီခန့်က မီးလောင်မှုဖြစ်ခဲ့သည်ဟု မြို့နယ်မီးသတ် ဦးစီးမှူး ဦးထက်ဇော်မင်းက ပြောသည်။
အောင်လံမြို့ ရွာထောင်ရပ် ပညာတန်ဆောင် (၁/၄)လမ်းနှင့် (၁/၅) လမ်းကြားရှိ ဦး ကြက်မွေး
မြူရေးခြံမှာ ကြက်သားပေါက်များ လျှပ်စစ်
မီးလုံးဖြင့် အပူပေးရာမှ အပူလွန်ကဲပြီး ဝါးကြမ်းခင်းနှင့် ဖွဲ့နုများမှ တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သည်ဟုမီးသတ်ဦးစီးမှူးက ပြောသည်။
မီးလောင်မှုဖြစ်ပွားရာသို့ အောင်လံမြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်နှင့် ရေသယ်ယာဉ်(၉)စီး သန္ဓေတပ်ဖွဲ့ဝင်(၂၀)ဦး အရန်တပ်ဖွဲ့ဝင်(၅၀)ဦးတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများကဝိုင်းဝန်းငြိမ်းသတ်ခဲ့သည်ဟုမြို့နယ်မီးသတ်ဦးဌာနမှသိရသည်။
မီးစတင်လောင်ကျွမ်းသည့်ခြံအပါအဝင် စုစု ပေါင်း ပိုင်ရှင်(၅)ဦးတို့၏ ကြက်ခြံ(၉)ခြံ၊လူနေအိမ်(၂)လုံး၊ဝက်ခြံ(၁)ခြံ၊ကြက်ကောင်ရေ(၃၅၅၀) နှင့်ဆိုင်ကယ်(၁)စီး ဆုံးရှုံးမှုတန်ဘိုး(ငါးဆယ်တစ်သိန်းသုံးသောင်းကျပ်)ခန့် ဆုံးရှူံးခဲ့သည်ဟု မီးသတ်ဦးစီးမှူးက ပြောသည်။
မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသည့်ကြက်ခြံမှ (၂၀×၄၀×၁၅)ပေ ဝါးကြမ်းခင်း သက္ကယ်မိုး ဝါးခြမ်းကာ ကြက်ခြံ(၃)ခြံ၊ကြက်ကောင်ရေ(၄၅၀)၊ကြက်သားပေါက်(၅၀၀)၊ခြံဝန်းတစ်ခုတည်းရှိ (၂၀×၄၀×၁၅)ပေ ဝါးကြမ်းခင်း
သက္ကယ်မိုး ဝါးခြမ်းကာကြက်ခြံ(၄)ခြံ၊ကြက်ကောင်ရေ(၁၀၀၀)၊ကြက်သားပေါက်(၁၅၀၀)၊ တောင်ဘက်ကပ်လျှက်ရှိ(၂၀×၄၀×၁၅)ပေ ဝါးကြမ်းခင်း သက္ကယ်မိုး ဝါးထရံကာကြက်ခြံ(၂)ခြံ၊ကြက်ကောင်ရေ(၁၀၀)၊(၂၅×၂၀×၁၂)
ပေ သွပ်မိုး ထရံကာ (၁)ထပ် လူနေအိမ်(၁)
လုံး၊(၁၆×၁၆)ပေ သွပ်မိုး ထရံကာ (၁)ထပ် လူနေအိမ်(၁)လုံး၊သွပ်မိုး ဝါးလုံးကာ မျောတိုင်ထောင် ဝက်ခြံ(၁)ခြံ၊110 REEBO ဆိုင်ကယ်(၁)စီးတို့ဆုံးရှုံးခဲ့ရသည်။

သတင်း – အောင်ကြီး(သရက်)
ဓာတ်ပုံ – မီးသတ်ဦးစီးဌာန