အမေရိကန်နိုင်ငံသူ ကင်ဆာဝေဒနာသည်တစ်ဦးက အင်္ဂလိပ်ရေကြောင်းလမ်းမှာ ၄ကြိမ်မြောက် မရပ်မနားကူးခတ်တဲ့ ပထမဆုံးလူသား ဖြစ်လာ

256

အမေရိကန်နိုင်ငံသူ ကင်ဆာဝေဒနာသည်တစ်ဦးက အင်္ဂလိပ်ရေကြောင်းလမ်းမှာ ၄ကြိမ်မြောက် မရပ်မနားကူးခတ်တဲ့ ပထမဆုံးလူသား ဖြစ်လာပါတယ်။
အသက် ၃၇နှစ်အရွယ် ဆာရာသောမတ်စ်ဟာ ကော်လိုရာဒိုမှာ မာရသွန်ရေကူးသမားတစ်ယောက်ပါ။
သူမဟာ ဗြိတိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး အင်္ဂါနေ့မနက် ၆နာရီခွဲဝန်းကျင်မှာ ၅၄နာရီအကြာနဲ့ စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။
ရေကူးနေစဉ်အတွင်းမှာ ကဖင်းဓာတ်နဲ့ လျှပ်လိုက်အရည်ကို အမှီပြုခဲ့ရတယ်လို့သူမက BBC ကို ပြောပြခဲ့ပါတယ်။
ဒါဟာ ရင်သားကင်ဆာကုသမှုအပြီး တစ်နှစ်အကြာမှာ သောမတ်စ်ရရှိခဲ့တဲ့ အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ဒါကသောမတ်စ်ရဲ့ပထမဆုံးအကြိမ်မဟုတ်ပါဘူး။
၂၀၁၂ခုနှစ်ပြိုင်ပွဲရဲ့ ၁၁နာရီ ၂၂မိနစ်စိန်ခေါ်မှုမှာလည်း အောင်မြင်မှုရခဲ့ဖူးပါတယ်။