ဟာဝိုင်ရီပြည်နယ်ဒေသခံတွေမှာ ဝက်သက်ရောဂါကူးစက်ခံနေရ

233

အမေရိကန်နိုင်ငံ ဟာဝိုင်ရီဒေသခံတွေမှာ အနီရောင်အစက်တွေထွက်တဲ့ ဝက်သက်ရောဂါဖြစ်ပွားနေတယ်လို့ ပြည်နယ်ဆိုင်ရာ ရောဂါကာကွယ်စောင့်ရှောက်ရေးစင်တာက ထုတ်ပြန်ပါတယ်။
ရောဂါကူးစက်ခံရသူတွေက တခြားပြည်နယ်တွေကနေပြန်လာသူတွေဖြစ်ပြီး ခရီးသွားလာရင်းက ကူးဆက်ခံခဲ့ရတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ရောဂါကာကွယ်စောင့်ရှောက်ရေးစင်တာရဲ့ ပြောကြားချက်အရ ဟာဝိုင်ရီပြည်နယ်ထဲက မြို့နယ်ပေါင်း ၃၁ ခုမှာ တစ်နှစ်အတွင်း ဝက်သက်ရောဂါဖြစ်ပွါးမှုနှုန်း ၁၂၃၄ ခုဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုကူးဆက်ရောဂါဖြစ်ပွါးမှုနဲ့ပါတ်သတ်ပြီး ကျန်းမာရေးဌာနက ထုတ်ပြန်ပေးသတင်းထုတ်ပြန်မှုတွေကို ချက်ခြင်းပြုလုပ်ပေးသင့်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အမေရိကန်နိုင်ငံမှာ ၁၉၉၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးရောဂါဖြစ်ပွါးမှုလို့ ရောဂါကာကွယ်ရေးစင်တာက ဆိုပါတယ်။ စင်တာရဲ့ သတင်းထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွါးမှုနှုန်းက ၇၅ ရာခိုင်နှုန်းထက် ကျော်လွန်သွားတယ်လို့ ဆိုပါတယ်။
ဒီလို သတင်းတွေထွက်ပေါ်နေပြီး ရောဂါကာကွယ်စောင့်ရှောက်ရေး စင်တာကထုတ်ပြန်မှုတွေ ဆောင်ရွက်နေပေမယ့် ပြည်နယ် ကျန်းမာရေးအရာရှိကတော့ ရောဂါဖြစ်ပွားခြင်းမရှိတော့ဘူးလို့အင်္ဂါနေ့က အတိအလင်းကြေငြာခဲ့ပါတယ်။
MMRလို့ ခေါ်တဲ့ ဝက်သက်ရောဂါ(measles)၊ ပါးချိတ်ရောင်ရောဂါ(mump)၊ဂျိုက်သိုးရောဂါ(rubells) နဲ့ ကျောက်ရောဂါကာကွယ်ဆေးတွေထိုးပြီး ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးအရာရှိက ထုတ်ပြန်ပြောဆိုပါတယ်။
ရောဂါကာကွယါစောင့်ရှောက်ရေးစင်တာ ကတော့ ဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးမထားတဲ့ သူတွေမှာအဖြစ်များတယ်လို့ ဆိုပါတယ်။