သရက်မြို့တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းမည်

320

သရက်မြို့ တောင်မင်းတည်းရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းလုပ်ငန်းကို ဆောင်ရွက်မည်ဟု မြို့နယ်စည်ပင်သာယာရေး
အဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းကပြောသည်။
ကမ်းနားလမ်းနှင့် လမ်းမတော်လမ်းအားဆက်သွယ်မည့် ကွန်ကရစ်လမ်း ခင်းနိူင်ရန် သတ်မှတ်ထားသည့် လမ်းအကျယ်ရရှိရေး ကွင်းဆင်းတိုင်းတာခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
” ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ကွန်ကရစ်လမ်းခင်းမယ့်လမ်းပိုင်းက မြစ်ရေဝင်ရောက်တဲ့လမ်းပိုင်းဖြစ်လို့ စံချိန်စံညွှန်အတိုင်း ပြည့်မီအောင် စနစ်တကျဆောင်
ရွက်သွးမယ်”ဟု အမှုဆောင်အရာရှိဦးမျိုးဝင်းက ပြောသည်။
တောင်မင်းတည်းရပ်ကွက် ကမ်းနားလမ်းနှင့် လမ်းမတော်လမ်း ဆက်သွယ်မည့် လမ်းပိုင်းအရှည် (၅၃၀)ပေ အကျယ်(၁၂)ပေ အမြင့်(၈)လက်မ လမ်းအားဒေသဖွံ့ဖြိုးရေးရန်ပုံငွေ(၁၄ ဒဿမ ၀၁)သန်းဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးရန်ဆောင်ရွက်မည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ထံမှသိရသည်။

သတင်း – အောင်ကြီး(သရက်)
ဓာတ်ပုံ – မြို့နယ်စည်ပင်သာယာရေး