သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် ခုံတန်းလျား(၅၀)လုံး လှူဒါန်း

232

သရက်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန် ခုံတန်းလျား အလုံး(၅၀)အား ယနေ့နံနက်က ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက လာရောက်လှူဒါန်းသွားသည်ဟု ခရိုင်ကုသရေးဦးစီးဌာနမှူးဒေါက်တာညွန့်ရွှေအောင်က ပြောသည်။
မကွေးတိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေး
ရန်ပုံငွေဖြင့် လှူဒါန်းခြင်းဖြစ်သည်ဟု သိရသည်။
” ခရိုင်ပြည့်သူ့ဆေးရုံကြီးမှာ တက်ရောက်‌ေဆးကုသခံနေကြတဲ့ လူနာတွေ လူနာစောင့်တွေအတွက် လိုအပ်နေတဲ့ ခုံတန်းလျား(၅၀)လုံးကို လွှတ်တော်ကိုယ်စားလှယ်တွေ ခရိုင်နှင့်မြို့နယ်က ညွှန်ကြားရေးမှူး လက်ထောက်ညွှန်ကြားရေးမှူးတွေက လာရောက်လှူဒါန်းသွားတာပါ”ဟု ခရိုင်ကုသရေးဦးစီး
ဌာနမှူးဒေါက်တာညွန့်ရွှေအောင်ကပြောသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ (၁၇၅၀၀၀၀/)ကျပ် တန်ဖိုးရှိခုံတန်းလျား (၅၀)လုံးကိုလှူဒါန်းပေးခြင်းဖြစ်သည်ဟု ခရိုင်ကုသရေးဦးစီးဌာနမှူးက ပြောသည်။

သတင်း – အောင်ကြီး(သရက်)
ဓာတ်ပုံ – ခရိုင်ကုသရေးဦးစီးဌာန