လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပခုက္ကူတက္ကသိုလ်မှာ မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပမည်

729

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူတက္ကသိုလ်မှာ မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပသွားမယ်လို့သိရပါတယ်။

တတိယအကြိမ်ကျင်းပတဲ့ မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ကျောင်းသား/ကျောင်းသူတွေက ဇန်နဝါရီနှစ်ရက်နေ့မှာဆေးစစ်ရမှာပါ။

ပခုက္ကူကျောင်သားသမဂ္ဂအဖွဲ့ဝင်ကိုအောင်ခိုင်မင်းက မာရသွန်ပြိုင်ပွဲနဲ့ပက်သက်ပြီး”ဒီနှစ်မှာဆိုရင်ပြေးလမ်းက ၈မိုင်ကျော်ကိုးမိုင်နီးပါးရှိမယ်ဗျ။ပြိုင်ပွဲကို အားကစားနဲ့ကာယကော်မတီက ဦးစီးပြီးလုပ်တာပါ။ဆေးအောင်မှသာ ပြိုင်ပွဲဝင်ခွင့်ရမှာပါ”လို့ပြောပါတယ်။

ဒီပြိုင်ပွဲမှာ တစ်ဦးချင်းဆုတွေအပြင် မေဂျာအလိုက်ဆုတွေပါ ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကိုအောင်ခိုင်မင်းကပြောပါတယ်။

ဒီပြိုင်ပွဲကို အရင်နှစ်တွေက ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ တစ်ရာကျော်ဝင်ပြိုင်ခဲ့တယ်လို့. သူကပြောပါတယ်။