မင်းလှမြို့နယ်မှ COVID-19လူနာအား သင်ကြားရေးဆေးရုံသို့ ပို့ဆောင်

946

မင်းလှမြို့နယ်မှ Covid-19 ပိုးတွေ့လူနာသည် ရန်ကုန်တွင် ဂျပန်စကားပြော သင်တန်းတက်နေသူဖြစ်ပြီး ရန်ကုန်မှ ၃ ရက်နေ့က မြရတနာ ကား နှင့်ပြန်လာခဲ့သည်ဟုမင်းလှမြို့နယ် ဒု အုပ်ချုပ်ရေးမှုး ဦးဝင်းလွင်ဌေးကပြောသည်။
Positive လူနာအားမကွေးသင်ကြားရေးဆေးရုံကြီး ကိုပို့လိုက်သည်ဟု ဦးဝင်းလွင်ဌေးထံမှသိရသည်။
“လူနာကိုတော့ မနက် ၁၀ နာရီလောက်က သင်ကြားရေးဆေးရုံကြီးပို့ လိုက်ပါပြီ”ဟု ဦးဝင်းလွင်ဌေးကဆိုသည်။
Positive လူနာသည် home Quarantine နေနေသူဖြစ်ကာဆက်စပ် သည့် ထိတွေ့သူနည်းပါးသည်ဟု မင်းလှမြို့နယ်ဆေးရုံအုပ်ဒေါက်တာ စမ်းစမ်းမိုးကပြောသည်။
“လူနာက Home Quarantin ကနေတွေ့တာဆိုတော့ ဆက်စပ်Contact ကတော့အများကြီးတော့မရှိဘူးပေါ့။သူ့မိသားစုဝင်ပေါ့။ဘာလို့လဲဆို သူစရောက်တဲ့ အခါကျတော့ သူ့ကိုသွားကြိုတဲ့ သူ့ဦးလေးရှိမယ်။အဲ့ဒါကိုတော့ ကျွန်မတို့ ခုလောလောဆယ်တော့ ရွာမှာပေါ့ သူတို့ရွာရဲ့ Faciliti quarantine စင်တာစာသင်ကျောင်းမှာ ခုမနက်ထားပြီး ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာစမ်းစမ်းမိုးကပြောသည်။
လူနာနှင့်ထိစပ်သည့် Facility Quarantine ထား ထားသည့် Contact များအား မနက်ဖြန်တွင် ဓါတ်ခွဲနမူနာ ယူမည်ဟုဒေါက်တာစမ်းစမ်းမိုးကပြောသည်။
ပိုးတွေ့လူနာနေထိုင်သည့် မြောက်မျှားကုန်းရွာအား lock down ချထားလိုက်ပြီဟု မင်းလှမြို့နယ်ဒုအုပ်ချုပ်ရေးမှုး ဦးဝင်းလှိုင်ဌေးကပြောသည်။
မကွေးတိုင်းတွင်ယနေ့အထိ Covid-19 ပိုးတွေ့လူနာ ၁၀ဦးရှိပြီး ပြန်လည်သက်သာပျောက်ကင်းသူ၃ဦးရှိပြီဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် covid 19 ပိုးတွေ့လူနာ ၂၄၄၅ ဦး ‌ေရာဂါ‌သက်သာ‌ေပျာက်ကင်းသူ
၆၂၅ဦးနှင့်ပိုးတွေ့သေဆုံးသူ ၁၄ ဦးရှိပြီဖြစ်သည်။

သတင်း – သူရိန်ဇော်