မင်းဘူးမြို့နယ်ကုန်းသာကျေးရွာအားအဝင်အထွက်ကန့်သတ်

57

မင်းဘူးမြို့နယ်၊ကုန်းသာကျေးရွာအုပ်စု၊ကုန်းသာကျေးရွာအားအဝင်အထွက်ကန့်သတ်သည့်ကျေးရွာအဖြစ် သတ်မှတ်လိုက်သည်ဟုမင်းဘူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ပြန်လိုက်သည်။

ယင်းကျေးရွာသည်အဝင်အထွက်ကန့်သတ်သည့်အမိန့်ကို မနေ့ကအောက်တိုဘာလ ၂၀ရက်နေ့ည၁၀နာရီခွဲ အချိန်မှစတင်လိုက်နာရမည်ဖြစ်ပြီးပျက်ကွက်လျှင်ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရအရေးယူသွား မည်ဟုအမိန့်စာတွင်ပါရှိသည်။

ပြည်တွင်းကူးစက်သည့်ဓါတ်ခွဲအတည်ပြုလူနာများပြားလာခြင်းနှင့်ဓါတ်ခွဲအတည်ပြုလူနာနှင့်ထိတွေ့မှုများလာခြင်းများကြောင့်အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်ဟုသိရသည်။

ယင်းကျေးရွာတွင်နေထိုင်သူများသည်နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်းမပြုရန်နှင့်ပြင်ပမှပြည်သူများယင်းကျေးရွာသို့သွားရောက်ခြင်းမပြုရန်တားမြစ်ထားသည်။

ကုန်းသာကျေးရွာတွင်နေထိုင်သူများ စားသောက်ကုန်များဝယ်ယူရန်နှင့်အရေးပေါ်ကျန်းမာရေးကိစ္စများဖြစ်ပေါ် လာလျှင် အသွားအလာကန့်သတ်ကျေးရွာမှတာဝန်ကျသူများနှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းအမိန့်စာအား မင်းဘူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှယခုလ ၁၉ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သတင်း _ Magway Post