မကွေးတိုင်း၏ငါးထုတ်လုပ်မှု မြင့်မားလာစေရန်အတွက်ယခုနှစ်တွင် ငါးမျိုးစိုက်ထည့်မှု ၄၇ သိန်းကျော်ရှိ

85

အောက်တိုဘာ ၁၆၊မကွေး
ဒေသအတွင်း ငါးထုတ်လုပ်မှု မြင့်မားလာစေရန်အတွက် ယခုခုနှစ်အတွင်း မကွေးတိုင်းဒေသကြီးမှာငါးမျိုးစိုက်ထည့်မှု (၄၇.၀၇) သိန်းရှိခဲ့သည်ဟုမကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဒေသအတွင်း ငါးမျိုးစိုက်ထည့်မှုကို နှစ်စဥ်ပြုလုပ်နေတာဖြစ်ပြီး (၂၀၂၀) ခုနှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အတွင်း (၄)နေရာ၊ ဆည်ရေလှောင်တမံ(၃၀)ခု၊ စပါးခင်း(၁၉၀) ဧက၊ ကျေးရွာကန် (၃၃၅)ကန်၊တို့မှာ စိုက်ထည့်ခဲ့သည်ဟု တိုင်းငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးဦးမြင့်ရွှေက ပြောသည်။
“ဒေသအတွင်း သဘာဝရေပြင်တွေမှာ ငါးသယံဇာတပေါများလာဖို့၊ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာဖို့၊ ငါးမျိုးတုန်းမှုတွေကာကွယ်ဖို့၊ ငါးစားသုံးမှုမြင့်မားလာစေဖို့ရည်ရွယ်ချက်တွေနဲ့ နှစ်စဥ် မကွေးတိုင်း အတွင်း ငါးမျိုးစိုက်ထည်မှုတွေ ပြုလုပ်နေတာပါ”ဟု တိုင်းဦးစီးမှူးဦးမြင့်ရွှေကဆိုသည်။
(၂၀၂၀) ခုနှစ်အတွက် စိုက်ထည့်ရမည့်ငါးသားပေါက်များကို ဇူလိုင်၊သြဂုတ်နှင့် စက်တင်ဘာလများတွင် အပြီးစိုက်ထည့်ခဲ့ပြီး စိုက်ထည့်ပေးသည့် ငါးမျိုးများမှာ ဒေသတွင်းစားသုံးမှုများသည့် ငါးခုတ်မ၊ ငါးမြစ်ချဥ်း၊ ရွှေဝါငါးကြင်း အမျိုးအစားများဖြစ်သည်ဟု သိရသည်။
ငါးမျိုးစိုက်ထည့်သည့်အချိန်တွင် ငါးသားပေါက်များအနေဖြင့် တစ်လမခွဲ နှစ်လက်မအထက် အရွယ်အစားများရှိသည်ဟုသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်း ပမာဏနည်းသည့်အတွက် ငါးထုတ်လုပ်မှုမြင့်မားဖို့ လို့အပ်နေ သေးပြီး ဒေသအတွင်း ငါးစားသုံးမှုလုံလောက်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဝယ်ယူနေရသည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)