မကွေးတိုင်းအတွင်း ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသသည့် အနာကြီးရောဂါသည်(၃)ထောင်ကျော်ကို အစိုးရကထောက်ပံ့ငွေပေးအပ်

58

Covid-19ရောဂါကာလ ပြန်လည်ထူထောင်ရေးအတွက် မကွေးတိုင်းအတွင်းက ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသည့် အနာကြီးရောဂါသည် (၃၅၀၀)ကျော်ကို အစိုးရက ထောက်ပံ့ငွေပေးအပ်ခဲ့သည်ဟု မကွေးတိုင်းအနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ သိရသည်။
“မကွေးတိုင်းမှာ အနာကြီးရောဂါသည် လူနာတွေရှိနေသေးတယ်။ ဝန်ထုပ်ဝန်ပိုးအခြေအနေမှာမရှိပေမယ့် ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိတဲ့ အနာကြီးရောဂါသည်တွေကို အခါအားလျှော်စွာထောက်ပံ့ပေးစေချင်တယ်”ဟုမကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ် တာဝန်ခံဦးညီညီလွင်က ဆိုသည်။
အနာကြီးရောဂါသည်များတွင် အဆင့်(၀) ပကတိအတိုင်းရှိနေသည့် ကိုယ်အင်္ဂါမချို့ယွင်းသည့် အနာကြီးရောဂါသည်၊အဆင့်(၁) ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည် ၊ အဆင့်(၂) ကိုယ်အင်္ဂါချို့ယွင်းသည့်အနာကြီး ရောဂါသည်ဟု အဆင့်(၃)ဆင့်ရှိကြောင်း သိရသည်။
ကိုယ်အင်္ဂါ ချို့ယွင်းမှု အဆင့်(၂) ရှိသည့် အနာကြီးရောဂါသည်များကို အစိုးရက တစ်ဦးလျှင် ကျပ်၅သောင်းနှုန်းဖြင့်ထောက်ပံ့တာဖြစ်ပြီးထောက်ပံ့မှုကို စက်တင်ဘာလကတည်းက အခြေခံကျန်းမာ ရေးဝန်ထမ်းများက အိမ်အရောက် ထောက်ပံ့ပေးခဲ့တာဖြစ်ကာအားလုံးနီးပါးကိုထောက်ပံ့ပေးပြီး ဖြစ်သည်ဟု ဦးညီညီလွင်က ပြောသည်။
မကွေးတိုင်းတွင် အနာကြီးရောဂါသည် စုစုပေါင်း (၁)သောင်းခန့်ရှိပြီး လက်ရှိတွင် မကွေးတိုင်းအနာကြီးရောဂါ ဖြစ်ပွားမှုအဆင့် (၀.၅၄) အဆင့်ရှိသည်ဟုသိရသည်။
သတင်းနှင့်ဓါတ်ပုံ – တင်ရွှေ(မင်းဘူး)