မကွေးတိုင်းတွင် COVID -19 ပိုးတွေ့လူနာ ၂၉၀ ဦးရှိ

347

မကွေးတိုင်းတွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ ၂၉၀ဦးရှိနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ၏ ယခုလ ၁၆ ရက်နေ့စာရင်းများအရသိရသည်။

မကွေးတိုင်းတွင် ကိုဗစ်၁၉ သံသယဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်းတစ်သောင်းခုနှစ်ထောင်နှစ်ရာကျော် ရှိခဲ့ပြီး ယနေ့တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည့်ဓာတ်ခွဲနမူနာပေါင်း တစ်ထောင်ခန့် ကျန်ရှိနေသေးသည်ဟု တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာသောင်းလှိုင်က အများပြည်သူသို့ပြောသည်။

“facility quarantine ဆိုဒ်များစီမံခန့်ခွဲမှု၊ ခရီးသွားရာဇဝင်နှင့်ထိတွေ့သူဖော်ထုတ်မှု contact tracing နှင့် ပြည်သူအားလုံးလေးစားလိုက်နာပူးပေါင်းပါဝင်မှုအလွန်အရေးကြီးပါသည်”ဟု ဒေါက်တာသောင်းလှိုင်မှဆိုသည်။

မကွေးတိုင်းတွင်ယာဉ်မောင်းများ၊ယာဉ်နောက်လိုက်များ၊ရွေးကောက်ပွဲအထူးအရံရဲများ၊ပိုးတွေ့သူများနှင့်ထိစပ်သူ ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပိုးတွေ့သူနှင့်တိုက်ရိုက်ထိစပ်ခဲ့သူများ၊သံသယလူနာများ စုစုပေါင်း ကိုးထောင်ကျော်ကို အမြန်စစ်ဆေးနိုင်သည့် ဓာတ်ခွဲစမ်းသပ်ကရိယာ RDT ဖြင့်စစ်ဆေးပေးခဲ့သည်ဟု မကွေးတိုင်းကျန်းမာရေးဦးစီးဌာနမှသိရသည်။

သတင်း – Magway Post

ဓာတ်ပုံ – မကွေးတိုင်းကျန်းမာရေးဦးစီးဌာန