မကွေးတိုင်းတွင် covid-19 ပိုးတွေ့လူနာ ၃၁ ဦးထပ်တိုး

2257

အောက်တိုဘာ ၁၆။မကွေး

မကွေးတိုင်းတွင် ယခုလ ၁၆ ရက်နေ့ ယနေ့ညနေ ၆ နာရီအထိစစ်ဆေးချက်အရ COVID-19 ပိုးတွေ့လူနာ ၃၁ ဦးထပ်တိုးခဲ့သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်သည်။

            အဆိုပါထပ်တိုးလူနာများမှာ ထီးလင်းမြို့နှင့် ဆိပ်ဖြူမြို့နယ်များမှဖြစ်သည်ဟု မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှသိရသည်။

မကွေးတိုင်းဒေသကြီးတွင် ယခုသတင်းရေးသားသည့် အောက်တိုဘာလ ၁၆ ရက်နေ့ညနေပိုင်းအထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၂၉၀ ဦးရှိနေပြီး မြို့နယ် ၂၁ မြို့နယ်တွင်ကူးစက်လျှက်ရှိကြောင်း မကွေးတိုင်း ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည်။

သတင်း – Magway Post

ဓာတ်ပုံ – မကွေးတိုင်းကျန်းမာရေးဦးစီးဌာန