မကွေးတိုင်းတွင်ယမန်‌‌ေန့ကကိုဗစ်၁၉ကူးစက်မှု စံချိန်တင်ခဲ့

80
အောက်တိုဘာ ၂၁၊မကွေး
ယမန်နေ့ အောက်တိုဘာလ(၂၀)ရက်နေ့တွင် Covid-19 ပိုးတွေ့လူနာအများဆုံးတွေ့ခဲ့ရသည်ဟု တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှသိရသည်။
“စံချိန်သစ်ဆိုတာထက်မနေ့ကတော့မကွေးတိုင်းမှာတွေ့ရှိမှုအခြေအနေတွေမှာအများဆုံးလို့ပြောလို့ရပါတယ်”ဟုမကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောသည်။
ယမန်နေ့ မနက်နှင့်ည တွေ့ရှိခဲ့သည့်လူနာစုစုပေါင်း(၆၃)ဦးရှိပြီး မနက်ပိုင်းတွင်ပိုးတွေ့ရှိသူ(၄၈)ဦးနှင့် ညနေပိုင်းတွင်ပိုးတွေ့ရှိသူ(၁၅) ဦးရှိသည်ဟုသိရသည်။
“မကွေးတိုင်းမှာပိုးတွေ့သူအများစုကတော့ရန်ကုန်ပြန်တွေပေါ့နော်၊ Facility Quarantine ဝင်ရောက်နေ သူတွေပါ။ရန်ကုန်ပြန်တွေမှာတွေ့တယ်။ပိုးတွေ့လူနာတွေနဲ့ထိတွေ့ခဲ့တဲ့မိသားစုဝင်တွေမှာတွေ့တာများတယ်”ဟုဒေါက်တာခင်မောင်သန်းကပြောသည်။
ယမန်နေ့ မနက်ပိုင်းက အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှစစ်ဆေးကာပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ် ၁၉ အတည်ပြုလူနာ (၄၇)ဦး မကွေးတိုင်းဆေးရုံကြီးတွင်အနံ့ပျောက်သံသယလူနာကို RDT test kits ဖြင့်စစ်ဆေး ကာပိုးတွေ့ရှိသည့်အတည်ပြုလူနာတစ်ဦး စုစုပေါင်း(၄၈)ဦးတွေ့ရှိခဲ့သည်။
ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှစစ်ဆေးကာပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ် ၁၉ အတည်ပြုလူနာ(၁၂)ဦး RDT test kits ဖြင့်စစ်ဆေး ကာပိုးတွေ့ရှိသည့်အတည်ပြုလူနာ(၃)ဦး စုစုပေါင်း(၁၅)ဦး တွေ့ရှိခဲ့သည်။
“ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ ကိုဗစ်၁၉ကာကွယ်ဖို့လိုက်နာရမယ့်အချက်တွေဖြစ်တဲ့ တတ်နိုင်သ၍အိမ်မှာပဲနေဖို့ အပြင် သွားရင်နှာခေါင်းစည်းတပ်ဖို့၊လက်ဆေးဖို့၊တတ်နိုင်သမျှ Social distancing နဲ့နေဖို့ပြည်သူအားလုံးကိုဒါတွေပဲအ ကြံပေးချင်ပါတယ်”ဟုဒေါက်တာခင်မောင်သန်းကပြောသည်။
မကွေးတိုင်းတွင်ယနေ့အောက်တိုဘာလ(၂၁)ရက်နေ့ညနေအထိ ကိုဗစ်၁၉ ပိုးတွေ့လူနာ(၃၆၆)ရှိပြီဖြစ် ပြီးဆေးရုံတက်ရောက်နေဆဲလူနာ(၁၆၀)နဲ့ဆေးရုံဆင်းလူနာ(၂၀၆)ဦးရှိပြီလို့တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ကသိရပါတယ်။
သတင်း-မကွေးပိုစ့်
ဓာတ်ပုံ – တိုင်းကျန်းမာ