မကွေးတိုင်းဆေးရုံကြီးမှ Covid-19 သက်သာပျောက်ကင်းသူ(၇)ဦး‌ဆေးရုံဆင်းခွင့်ရ

484

မကွေးမြို့နယ်မှ Covid-19 လူနာ ၇ ဦး ကို ယနေ့နေ့လည်က ရောဂါပျောက်ကင်းသက်သာ၍ဆေးရုံကဆင်းခွင့်ပြုလိုက်ပြီဟုမကွေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ဥမ္မာအေးကပြောသည်။
ဆေးရုံမှဆင်းခွင့်ရရှိခဲ့သည့် ၇ နှစ်ဦးစလုံးမှာ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင်ဆေးကုသမူခံယူခဲ့ကြသည်ဟုဒေါက်တာဥမ္မာအေးကပြောသည်။
ယင်း ၇ နှစ်ဦးမှာ မကွေးမြို့နယ်မှ ဖြစ်ပြီး ဆားစည်ရပ်ကွက်မှငါးဦး၊ မြင်သာရပ်ကွက်မှတစ်ဦးနှင့် မိချောင်းရဲတိုက်နယ်မကျီးကန်ကျေးရွာမှတစ်ဦးဖြစ်သည်ဟုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ပိုးတွေ့ပျောက်ကင်းလူနာ ၇ ဦး ကို ယနေ့ နေ့ လည် ၂ နာရီတွင် နေအိမ်သို့အရောက်လိုက်ပို့ခဲ့သည်ဟု Ks Rescue Magway မှ ကိုစည်ဖြိုးသူကပြောသည်။
“ဒီနေ့နေ့လည် ၂ နာရီက ကျွန်တော်တို့အဖွဲ့က ကား ၂ စီးနဲ့ အိမ်အရောက်လိုက်ပို့လိုက်တာပါ” ဟု ကိုစည်ဖြိုးသူကပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် covid 19 ပိုးတွေ့လူနာ ၁၀၇၃၄ ပိုးတွေ့ပြန်လည်သက်သာသူ ၂၈၆၂ နှင့် ပိုးတွေ့သေဆုံးသူ ၂၂၆ ရှိပြီဖြစ်သည်။

သတင်း – သူရိန်ဇော်
ဓါတ်ပုံ – Magway Post