နေကြာစိုက်တောင်သူတွေ ကြက်တူရွေးတွေကိုစောင့်ကြပ်မောင်းထုတ်နေကြရ

606

ဂန့်ဂေါခရိုင် ဆောမြို့နယ်ကနေကြာစိုက်တောင်သူတွေ ကြက်တူရွေးတွေကိုစောင့်ကြပ်မောင်းထုတ်နေရပါတယ်။
နေကြာစေ့တွေကိုပိုးထိုးတာထက် ကြက်တူရွေးစားတာကြောင့်အခင်းလိုက်ကုန်တတ်တယ်လို့ကျောက်ဆစ်ကျေးရွာက တောင်သူဦးချစ်သိန်းက
ပြောပါတယ်။
မကွေးတိုင်း ဆောမြို့နယ်ထဲကကျောက်ဆစ်၊တချောင်း၊ကူးချောင်း၊ကန်ခြေကထစ်၊အညာကထစ်ကျေးရွာတွေမှာ နေကြာအများအပြားစိုက်ပျိုးကြပါတယ်။
” နေကြာက ကိုယ့်မျိုးနဲကိုယ် စိုက်တာရှိတယ်။စိုက်မရရင်တော့ စိုက်ပျိုးရေးဌာနမှာ သွားယူကြတယ်။ဝယ်ရင် တစ်ပြီ ငါးထောင်ငါးရာကျပ် ပေးရတယ်။ အခုက နေကြာခင်းက အောင်ခါနီးတော့ ကြက်တူးရွေး နေ့ကော ညကော စောင့်မောင်းနေရတယ်။ဒီကောင်တွေက စားရင် အခင်းကုန် စားတယ်။အရင်က ကြုံဖူးတော့ စောင့်ရတယ်ပေါ့” ဟု ဦးချစ်သိန်းက ပြောသည်။
နေကြာတစ်ဧက စိုက်ပျိုးဖို့ သုံးသောင်းခွဲအထိ ကုန်ကျတယ်လို့‌ေတာင်သူ‌ေတွဆီကသိရပါတယ်။

နေကြာစိုက်ပျိုးတဲ့အခါ ဖြုတ်စိမ်းနဲ့အစေ့ထိုးပိုး‌ေတွကျတတ်ပါတယ်။
ကြက်တူရွေး စားတာက အခင်းလိုက် ဆုံးရှုံးတတ်တာကြောင့် တောင်ခြေ‌ေတွမှာ စိုက်ပျိုးထားကြသူတွေက နေ့ရောညပါ ဂရုတစိုက် စောင့်ပြီး မောင်းနေကြရတယ်လို့သိရပါတယ်။
ကြက်တူရွေးတွေက အောက်တိုဘာ၊နိုဝင်ဘာလတွေမှာ မိတ်လိုက်ချိန် သားပေါက်ချိန်ဖြစ်တာကြောင့် အန္တရယ်မရှိ‌ေပမယ့် ဆောင်းရာသီဖြစ်တဲ့ ဒီဇင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီလ တွေမှာတော့နေကြာခင်း‌ေတွမှာ အုပ်လိုက်ကျပြီးစားလို့ ပျက်စီးတတ်တယ်လို့ မင်းဘူးခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ(ငြိမ်း) ဦးသိန်းဝင်း ဆိုပါတယ်။
မကွေးတိုင်းက ကျေးရွာတွေမှာ မိုးဦးနှမ်းနဲ့ မြေပဲတွေ နှုတ်သိမ်းပြီးကြချိန်မှာ ကြား သီးနှံအဖြစ် နေကြာကို ဆီထုတ်ဖို့ စိုက်ပျိုးကြတယ်လို့တောင်သူတွေကပြောပါတယ်။
မကွေးတိုင်းအတွင်း မင်းဘူး၊သရက်၊ဂန့်ဂေါ၊မကွေးပခုက္ကူခရိုင် ခရိုင်(၅)ခုမှာ နေကြာကို အခုနှစ်ဆောင်းရာသီအတွင်းစိုက်ဧက နှစ်သောင်း ကျော်စိုက်ပျိုးနိူင်ခဲ့တယ်လို့ မ‌ကွေးတိုင်း‌ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန စာရင်းဇယားတွေအရသိရပါတယ်။

သတင်းနှင့်ဓါတ်ပုံ – လင်းလက်