ဇန်နဝါရီ(၂၁)၊မင်းလှ
The Magway Post
မကွေးတိုင်း မင်းလှမြို့နယ် ရေနံမတိုက်နယ်အတွင်းမှကျေးရွာများတွင်ရေရှားပါးနေသောကြောင့် မှီခို နေရသည့်စိမ့်စမ်းကိုရေကန်အဖြစ် တိုးချဲ့တူးဖော်နေသည်ဟုဒေသခံများထံမှသိရသည်။
ကန်တုတ်-စစ္စနို့ ကားလမ်းဘေး လယ်လှကျေးရွာနှင့်(၁)မိုင်ခန့်အကွာမှ ဒီးဒုတ်ကန်ချောင်းခြောက် ဇီးပင်စမ်းအား စက်ယန္တယားအသုံးပြုကာတူးဖော်သွားမည်ဖြစ်သည်။
မင်းလှမြို့နယ်ရဲတပ်ဖွဲ့၊ရေနံမကျေးရွာ၏ ရပ်မိ / ရပ်ဖများနှင့်ရေနံမလူငယ် ပရဟိတ အဖွဲ့တို့ပူးပေါင်းပြီးယခုလို တူးဖော်ခြင်းဖြစ်သည်ဟုသိရသည်။
“အရင်နှစ်တွေက မိုးရေ ကောင်းကောင်းရတော့ ရေကန်တွေက နောက်တစ်နှစ် မိုးကျချိန်အထိ ရေကလုံလောက်တာပေါ့ အခုလက်ရှိ ရေကန်အနေအထားတွေက ရေခန်းခြောက်တော့မဲ့အနေအထားဖြစ်နေပြီး မိုင်(၂၀)ကျော် ကွာဝေးတဲ့ ပနီချောင်းကို ရေသွားခတ်ပြီး သုံးရမလိုဖြစ်နေပြီ”လို့ ဒေသခံများမှ ပြော
မိုးခေါင်ခြင်းကြောင့် ကျေးရွာများတွင် မိုးရေ မရရှိသောကြောင့် ရေကန်များ ရေခန်းခြောက်စပြုနေကာ နွေရာသီအတွက် သောက်သုံးရေ ပြတ်လပ်တော့မည့်အခြေအနေဖြစ်နေသည်ဟုဒေသခံများထံမှသိရသည်။
ရေနံမ တိုက်နယ်အတွင်း ရေနံမကျေးရွာ အပါအဝင် သောက်သုံးရေ အဆင်ပြေစေရန်ရေကန်များတူးဖော်သုံးစွဲ ခဲ့သည်မှာ ငါးနှစ်ခန့်ရှိခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးခဲ့ခြင်းကြောင့် ရေကန်များအချိန်မတိုင်မီ ခန်းခြောက်ခဲ့ခြင်းဖြစ်သည်။
သတင်းနှင့်ဓါတ်ပုံ – မင်းထက်နိုင်(မဲဇလီ)