ကံမမြို့နယ် ထန်းကုန်း(အမက)တည်ဆောက်ရေးလုပ်ငန်း မူလဒီဇိုင်းနှင့် ကွဲလွဲချက်များစွာတွေ့ရှိရသဖြင့် လုပ်ငန်းများရပ်ဆိုင်း

1626

သရက်ခရိုင် ကံမမြို့နယ် ထန်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို မူလဆောက်လုပ်ရမယ့်ဒီဇိုင်းနဲ့ ကွဲလွဲချက်များစွာတွေ့ရှိရတာကြောင့် လုပ်ငန်း ခေတ္တရပ်ဆိုင်းထားဖို့ မနေ့က ဆုံးဖြတ်ခဲ့ပါတယ်။ တည်ဆောက်ရေးကြီးကြပ်မှုကော်မတီရဲ့စစ်ဆေးတွေ့ရှိချက်အရ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဆီကသိရပါတယ်။ “ငွေဘယ်လောက်ကျတယ် ဘာနဲ့ လုပ်မယ်ဆိုတာကို သွားစစ်တဲ့ အချိန်အထိဆောက်လုပ်တဲ့ကုမ္ပဏီနဲ့ သက်ဆိုင်ရာ ပညာရေးဌာနက အသိပေးမထားဘူး ဒီဇိုင်းနဲ့ ကွဲလွဲမှုတွေ ဖြစ်နေတယ်လို့ မေးမှတွက်ချက်မှု စာရင်းဇယားစာအုပ် လာပေးတာပါ”လို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောပါတယ်။ တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှာပါဝင်တဲ့ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးလိုက်တဲ့အခါမှာကျောက်ထုတ်၊မြေဝင်တွေမှာ(၁ပေ၉လက်မ)လောင်းရမဲ့နေရာကို(၁ပေ)ပဲလောင်းထားတာ၊(၃လက်မ)ချင်းမြေထည့်ရမှာ ထည့်မထားတာ၊ကျောက်ထုတ် (၅လက်မခွဲ)တက်ရမဲ့နေရာတက်မထားတာ၊အုတ်တွေကို တစ်စောင်းစီထားတာတွေကို စစ်ဆေးတွေ့ရှိခဲ့လို့ လုပ်ငန်း ခေတ္တရပ်နားထားတာဖြစ်တယ်လို့ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်ဦးဇော်ဝင်းက ပြောပါတယ်။ ကံမမြို့နယ် ပုညိုကျေးရွာအုပ်စု ထန်းတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်မှာ အန္တရာယ်ရှိအဆောင်ဟောင်းကိုဖျက်သိမ်း ပြီး ပေ၆၀‌ေပ၃၀ Steel Structure ဆောက်လုပ်ဖို့တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေတာပါ။ ကံမမြို့နယ်အတွင်း ပွတ်စုကျေးရွာနဲ့ မုန်းဒါးကျေးရွာတွေက အခြေခံပညာမူလတန်းကျောင်းတွေကိုလည်း အဲ့ဒီကုမ္ပဏီကပဲဆောက်လုပ်ခွင့်ရထားတယ်လို့သိရပါတယ်။ ကံမမြို့နယ် တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီအနေနဲ့ စစ်ဆေးတွေ့ရှိချက်‌ေတွအပေါ် အခြေခံပြီး ဘာဆက်လုပ်မယ်ဆိုတာကိုအစည်းအ ဝေးပြုလုပ်ပြီးညှိနှိုင်းဆောင်ရွက်မယ်လို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဆီကသိရပါတယ်။

သတင်း အောင်ကြီး(သရက်)

ဓာတ်ပုံ – Zaw Win AZ

         – Way Yan Tun LK