နောက်ဆုံးရသတင်းများ

ဆောင်းလယ်မှာရှားတဲ့ရေ

မကွေးတိုင်းအရှေ့ခြမ်းကမြို့နယ်တစ်ခုဖြစ်တဲ့နတ်မောက်မြို့နယ်မှာရေရှားပါးပြတ်လပ်မှုကိုရင်ဆိုင်ရ တော့မယ့် အခြေအနေကိုရောက်နေပါပြီ။ဒါက နိုဝင်ဘာလဖြစ်ပါတယ်။ နွေရာသီရောက်ဖို့ကလည်း လအနည်းငယ်လိုနေပါသေးတယ်။ ဒါပေမယ့် နတ်မောက်မြို့ နယ်နဲ့ရေနံချောင်းမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းနံဘေးက ပိတောက်ကုန်း ကျေးရွာခံတွေကတော့ ရေရှားပါးမှုကိုစတင်ရင်ဆိုင်နေကြရပါပြီ။ မြေသားရေကန် (၃)ခုရှိတဲ့ ဒီကျေးရွာမှာ အဲဒီရေကန်တွေကို အသုံးပြုလို့မရနိုင်တော့ဘူးလို့ ပြောရမယ့် အခြေအနေပါ။ဒီရေကန်ထဲကရေတွေကကုန်လုနီးပါးအထိရောက်လာပြီးကန်ရဲ့အလယ်မှာရေအနည်းသာကျန်ပါတော့တယ်။ ကန်မှာအရင်ကရေရှိခဲ့တဲ့နေရာတွေကရွံ့နွံတွေနဲ့ပြည့်နေလို့ခပ်ယူသုံးစွဲဖို့ဒါမှမဟုတ်တိရိစ္ဆာန်တွေကိုရေသောက် ဆင်းခိုင်းဖို့ တောင်မလွယ်ကူတော့ပါဘူး။ ကျေးရွာခံတွေက ကန်ထဲကလက်ကျန်ရေကိုမြောင်းသွယ်ပြီးခက်ခက်ခဲခဲခပ်ယူနေရပါတယ်။ ရွံ့နွံတွေကြောင့် တရိစ္ဆာတွေဆင်းပြီးတော့ ရေသောက်လို့မရတော့ပါဘူး။ မွေးမြူရေးကို အဓိကထားပြီးလုပ်ကိုင်နေတဲ့...

စီးပွားရေး

ဆောင်းပါး

ကန်နီရန်ပွဲ အသံချဲ့စက်မှစတင် ကိုနေဝင်းသည် ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်ဟုဆို

မြိုင်မြို့နယ် ကန်နီကျေးရွာတွင်အောက်တိုဘာလ ၃ ရက်နေ့က NLD ပါတီစည်းရုံးရေးမှူး၏အိမ်အား ဒေသခံလူ တစ်ရာ့ငါးဆယ်ခန့်က ဝိုင်းဝန်းဖျက်စီးခဲ့သည်။ ဘီယာပုလင်းများတွင် လောင်စာဆီများ ထည့်၍ မီးစာတပ်ကာ ပစ်ပေါက်ခဲ့ခြင်းအပါအဝင် ရာနဲ့ချီသည့်လူများက အဆိုပါနေအိမ်နှင့်အိမ်ဝန်း အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ “အပေါ်က ဟွန်းကလေးလုံးရှိတယ်၊ဘောက်က၆လုံးရှိတယ်၊သင်္ကြန်ကားလိုပေါ့ဗျာ၊ သင်္ကြန်မဏ္ဍလိုပေါ့၊ အဲဒါရွာကိုလှည့်တာ၊ရွာရဲ့မလှန်းမကန်းမှာလဲ ဘုန်းကြီးကျောင်းရှိတယ်၊ ဒီဘုန်းကြီးကျောင်းကလဲ...

ကျန်းမာရေး

ကိုဗစ်-၁၉နဲ့မိအေးအကြိမ်ကြိမ်နာနေတဲ့ ဂျပန်ရဲ့စီးပွါးရေး

"နိုင်ငံခြားခရီးသွားဝန်ဆောင်မှုကလည်း နိုင်ငံတိုးတက်မှုမှာအရေးကြီးပြီး ပြန်လည်စတင်နိုင်ဖို့ နှစ်ချီ ကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ အိုလံပစ်ပွဲအတွက် ချေးငွေယူခဲ့ကြတဲ့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကလည်း သူတို့လုပ်ငန်းကို ကျေပွန်အောင်လုပ်နိုင်တော့မှာ မဟုတ်ဘူး”       ************************************************************                ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ...
90,383FansLike
133SubscribersSubscribe
- Advertisement -

မကွေး-ရန်ကုန် လေယာဉ်ခရီးစဉ်တစ်ရက်ထပ်မံတိုးချဲ့ပြေးဆွဲမည်

အပါတ်စဉ်တနင်္လာနေ့နဲ့သောကြာနေ့တွေမှာပြေးဆွဲနေတဲ့ ရန်ကုန်-မကွေး-အမ်း-စစ်တွေ လေယာဉ်ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တစ်ရက်ထပ်မံတိုးချဲ့ပြေးဆွဲသွားမယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းကသိရပါတယ်။ တစ်ပါတ်ကိုနှစ်ကြိမ်ပြေးဆွဲနေရာကနေ အခုလ ၁၈ရက်နေ့ကစပြီးတစ်ပါတ်ကို သုံးကြိမ်ပြေးဆွဲသွားမယ်လို့သိရပါတယ်။ မကွေးမြို့မှာလေယာဉ်ခရီးစဉ်ပြန်လည်စတင်ပြေးဆွဲတာတစ်နှစ်လောက်အကြာမှာခရီးစဉ်ကိုအခုလိုတိုးချဲ့လိုက်တာဖြစ်ပါတယ်။ မကွေး-ရန်ကုန်လေယာဉ်ခရီးစဉ်ကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၅ရက်နေ့ကစတင်ပြေးဆွဲခဲ့တာပါ။ ဒီလေကြောင်းလိုင်းက ရန်ကုန်-အမ်း-စစ်တွေခရီးစဉ် ကို ရန်ကုန်-မကွေး-အမ်း-စစ်တွေခရီးစဉ်အဖြစ်တိုးချဲ့ပြေးဆွဲခဲ့တာဖြစ်ပါတယ်။ မကွေး-ရန်ကုန်ခရီးစဉ်ကို ၂၀၀၁ခုနှစ်မှာစတင်ခဲ့ပေမယ့် ၂၀၀၆ခုနှစ်မှာရပ်နားခဲ့ပြီးမြန်မာ့အမျိုးသားလေကြောင်း လိုင်းက  ပြီးခဲ့တဲ့နှစ်ဧပြီလမှာပြန်လည်ပြေးဆွဲခဲ့တာပါ။ သတင်းနှင့်ဓါတ်ပုံ - Magway Post

နတ်မောက်မြို့နယ်တွင် Facility Quarantine မနေသူအား အလုပ်နဲ့ထောင်ဒဏ်(၃)လ ပြစ်ဒဏ်ချမှတ်

မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ် ဝက်ချုပ်ကျေးရွာမှာ နယ်မြေကျော် ခရီးသွားသူတစ်ဦးကို Facility Quarantine မှာနေထိုင်မှုမရှိတဲ့အတွက် အလုပ်နှင့် ‌ထောင်ဒဏ်(၃)လချမှတ်လိုက်တယ်လို့ နတ်မောက်မြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဝက်ချုပ်ကျေးရွာအုပ်စု ဝက်ချုပ်ကျေးရွာက အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဧပြီလ ၂၇ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးကနေ နေထိုင်ရာရပ်ရွာကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။ဒီနောက်မှာတော့...

ရှေးဟောင်းပစ္စည်းတူးဖော်သူများအားသွားရောက်တားမြစ်သည့်ရဲတပ်ဖွဲ့ဝင်များလောက်လေးဖြင့်ပစ်ခတ်ခံရ

မင်းဘူးမြို့နယ် မကျီးပင်ကျေးရွာရှိ ယာမြေတွင် ကျုးကျော်ဝင်ရောက်၍ရှေးဟောင်းပစ္စည်းများ တူးဖော်နေသည့် လူ (၃၀၀) ခန့်အားသွားရောက်တားမြစ်သည့်ရဲတပ်ဖွဲ့ဝင်များအားလောက်လေးခွဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့်ရဲတပ်ဖွဲ့ဝင်များထိခိုက်ဒါဏ်ရာရခဲ့သည်ဟုမင်းဘူးမြို့မရဲစခန်းမှသိရသည်။ ဖုန်းဆက်သတင်းပေးမှုအရအောက်တိုဘာလ ၁၀ ရက်နေ့ညတွင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူသွားရောက်တားမြစ်ခဲ့ခြင်းဖြစ်သည်။ မင်းဘူးမြို့မရဲစခန်း နယ်ထိန်းခေါင်ဆောင်ဒုရဲအုပ်ကျော်ငြိမ်းထံသို့ မင်းဘူးမြို့နယ် မကျီးပင်ကျေးရွာ ဦးအောင်မိုး၏ယာမြေ ကွင်းအမှတ်(၁၄၃၃)ဦးပိုင်အမှတ်(၅၈/၅)တွင် လူဦးရေ(၃၀၀)ခန့်မှရှေးဟောင်းပစ္စည်းများတွေ့ရှိသည်ဟုဆိုကာ ကျူးကျော်ဝင်ရောက်တူးဖော်နေသည်ဟုတိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဦးအောင်မိုး၏ယာခင်းထဲတွင်လူဦးရေ(၃၀၀)ဦးခန့်မှာ ဓါတ်မီးများအသုံးပြု၍ သံတူရွင်း၊ပေါက်ပြား၊ပေါက်ချွန်း၊ ဂေါ်ပြားတို့ဖြင့် ယာမြေအားတူးဖော်နေလျက်တွေ့ရှိ၍ ကိုက်(၁၀၀)ခန့်အကွာတွင် ဒုရဲအုပ်ကျော်ငြိမ်းနှင့်အဖွဲ့မှ...

အားကစား

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပခုက္ကူတက္ကသိုလ်မှာ မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပမည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူတက္ကသိုလ်မှာ မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပသွားမယ်လို့သိရပါတယ်။ တတိယအကြိမ်ကျင်းပတဲ့ မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ကျောင်းသား/ကျောင်းသူတွေက ဇန်နဝါရီနှစ်ရက်နေ့မှာဆေးစစ်ရမှာပါ။ ပခုက္ကူကျောင်သားသမဂ္ဂအဖွဲ့ဝင်ကိုအောင်ခိုင်မင်းက မာရသွန်ပြိုင်ပွဲနဲ့ပက်သက်ပြီး"ဒီနှစ်မှာဆိုရင်ပြေးလမ်းက ၈မိုင်ကျော်ကိုးမိုင်နီးပါးရှိမယ်ဗျ။ပြိုင်ပွဲကို အားကစားနဲ့ကာယကော်မတီက ဦးစီးပြီးလုပ်တာပါ။ဆေးအောင်မှသာ ပြိုင်ပွဲဝင်ခွင့်ရမှာပါ"လို့ပြောပါတယ်။ ဒီပြိုင်ပွဲမှာ တစ်ဦးချင်းဆုတွေအပြင် မေဂျာအလိုက်ဆုတွေပါ ပေးအပ်သွားမှာ ဖြစ်တယ်လို့ ကိုအောင်ခိုင်မင်းကပြောပါတယ်။ ဒီပြိုင်ပွဲကို အရင်နှစ်တွေက ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ တစ်ရာကျော်ဝင်ပြိုင်ခဲ့တယ်လို့. သူကပြောပါတယ်။

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဆင့်မြင့်ဖိတ်ခေါ် ဘော်လီဘော ပြိုင်ပွဲတောင်တွင်းကြီးမြို့ မှာ ကျင်းပမည်

မကွေးတိုင်း၊တောင်တွင်းကြီးမြို့ မြို့နယ်ခန်းမမှာ အဆင့်မြင့်ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲစည်ပင်သာယာ ရေးကော်မတီဥက္ကဌဖလားကို ဒီကနေ့ကစပြီး ၃ရက်ကြာကျင်းပသွားမှာပါ။ " ကိုယ့်မြို့က လူငယ်ကလေးတွေ ပညာရအောင် နောက်တစ်ခုက ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို သူတို့ကလဲအကူညီတောင်းတယ် ကျွန်တော်တို့က စည်ပင်သာယာရေးကော်မတီဥက္ကဌ အဖြစ် ကူညီပေးဖြစ်ပါတယ် ”လို့တောင်တွင်းကြီးမြို့နယ်စည်ပင်သာ ယာရေး ဥက္ကဌ ဦးဌေး ကပြောပါတယ်။ ဒီပွဲမှာ ပထမဆု ၅ သိန်း ဒုတိယဆု...

Recipes

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေဆယ်သိန်းကျပ် ပေးအပ်လှူဒါန်း

သရက်ခရိုင်ပြည်သူ့ဆေးရုံ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် သရက်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသိန်းဌေး မောင်နှစ်မတစ်စုတို့ကအလှူငွေ ဆယ်သိန်းကျပ်ကို ပေးအပ်လှူဒါန်းခဲ့သည်။ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်မှ လက်ခံရယူပြီး ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးအပ်ခဲ့သည်ဟု ခရိုင်ဆေးရုံအုပ်ကြီးက ပြောသည်။ သတင်း - အောင်ကြီး(သရက်) ဓာတ်ပုံ - ခရိုင်ကုသရေးဦးစီးဌာန

[/tdc_zone]

Window of the People